27 C
Yangon

သံတောင်ကြီး၊ ဘုရင့်နောင် စစ်သင်တန်းကျောင်းတွင် တပ်မတော်နေ့ အခမ်းအနား ကျင်းပနေစဉ် ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ အကြမ်းဖက်စစ်တပ်၏ ဘုရင့်နောင် စစ်သင်တန်းကျောင်းတွင် တပ်မတော်နေ့ အခမ်းအနား ကျင်းပနေစဉ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်ခန့်တွင် သံတောင်ကြီးရှိ အကြမ်းဖက် စစ်တပ်၏ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် တပ်မတော်နေ့ အခမ်းအနား ကျင်းပရာနေရာကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် BWM အဖွဲ့က mission 54 အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ လုံး ကို တိုက်ခိုက်ရေး ကျောင်းအတွင်းသို့ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသင်တန်းကျောင်းသည် မြန်မာပြည်အနှံ့ရှိ အာဏာသိမ်းစစ်အုပ်စု၏ အဓိက ဒေါက်တိုင်များဖြစ်သော တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်းများကို အဓိက သင်တန်းပေးသည့် နေရာဖြစ်ပြီး ဘုရင့်နောင် တိုက်ခိုက်ရေး သင်တန်းကျောင်း၏ တပ်မတော်နေ့ အခမ်းအနားတွင် စစ်သားများ အထိနာစေရန် ပစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“သံတောင်ကြီးမှာရှိတဲ့ စစ်ခွေး (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)မှာ ခွေးတပ်မတော်နေ့ အခန်းအနား ကျင်းပတဲ့ နေရာကို ဒီနေ့ နံနက် ၇ နာရီမှာ အခမ်းအနား ရှိတယ် သတင်းရလို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်တာ ၄ လုံးအောင်ပါတယ်။ ၇ နာရီ စမယ့် အခမ်းအနားမို့ ၇ နာရီ ၅ မိနစ်မှာ ပစ်တာပါ။ နေ့ဘက်မို့ ပိုပြီး ကြိုးစားပစ်ရပါတယ်။ စစ်ခွေးတွေကလည်း ချက်ချင်းကို counter ပြန်တယ်။ လက်နက်ကြီးနဲ့ ၈ လုံးချက်ချင်းပြန်ပစ်တာ ရဲဘော်တွေတော့ အထိအခိုက်မရှိပါဘူး။ စစ်ခွေးထိခိုက်မှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။ စစ်ရေးပစ်မှတ်ကြီး ၄ နေရာရဲ့ စစ်ခွေးတွေရဲ့ တပ်မတော်နေ့ အခမ်းအနားမှာ BWM mission တွေကို တပြိုင်နက်တည်း ဖော်ဆောင်ဖို့ ကြိုးစားပေမယ့် လုံခြုံရေး တင်းကြပ်ထားတာမို့ ကပ်မရဘဲ ဒီတစ်နေရာပဲ လုပ်နိုင်ခဲ့တာပါ။ တန်းစီကွင်း ၂ လုံးကျတယ်။ လက်နက်ကြီးကုန်း တစ်လုံးကျတယ်။ အဆောက်အဦးတွေဘက် တစ်လုံးကျတယ်။ ထိခိုက်တာ သေတာတွေတော့ ရှိပါတယ် ကျနော်တို့ ဆက်လက် စုံမ်းနေပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

BWM နှင့် မဟာမိတ် တို့၏ KNLA တပ်မဟာ (၂) တပ်ရင်း (၅) နှင့် ပူပေါင်းဖော်ဆောင်သော ယနေ့ BWM မစ်ရှင်သည် စစ်ရှုံးကောင်စီ၏ ဩဇာကိုခံ၍ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် နှိပ်စက်သတ်ဖြတ်နေသော စစ်အရာရှိများကို သင်တန်းပို့ချနေချိန် ကာလအတွင်း ၎င်းတို့၏ အရေးကြီး အခမ်းအနားကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ နေပြည်တော်၏ အခမ်းအနားကို နည်းမျိုးစုံဖြင့် အဘက်ဘက်က စစ်အင်အားသုံး၍ ကာထားသည့် အတွက် အနီးကပ်မရသောကြောင့် အနီးကပ်၍ရသော ဘုရင့်နောင်ရှိ တပ်မတော်နေ့ အခမ်းအနားကို BWM နှင့် မဟာမိတ်အဖွဲ့တို့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့က KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ နှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း အကြမ်းဖက် စစ်တပ် လေတပ်များနှင့် စစ်ရေးပစ်မှတ်ကြီးများကို ကြိုးစား တိုက်ခိုက်ခြင်းဖြင့် တော်လှန်ရေးကို အောင်မြင်အောင် ကြိုးစားမည်ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ မတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ ခန့်ကလည်း မကွေးလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့ တိုက်ဒုံး ၁၁ လုံးဖြင့် Brave Warriors for Myanmar (BWM) ၊ No More Dictatorship (NMD-PDF၊ Infinity (အညာအဖွဲ့) ၊Justice Brothers Force အဖွဲ့၊ ဒေါင်းစစ်အောင်အဖွဲ့ နှင့် မြိုင်ပကဖ အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၁၁ လုံးလုံး အောင်မြင်စွာ လေတပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ ဆေးရုံကားများ ဝင်ထွက် သွားလာမှုရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article