27 C
Yangon

မင်းအောင်လှိုင်၏ စစ်ဦးစီးချုပ် ရာထူးတာဝန်များကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက ယာယီ စတင်လွှဲပြောင်းရယူ

Must read

ရန်ကုန်၊ မတ် ၂၇

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရာထူးတာဝန်များကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက ယာယီအားဖြင့် စတင်လွှဲပြောင်းရယူနေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ မတ်လ ၂၆ ရက်နေ့ ၈၁ နှစ်မြောက် စစ်တပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အငြိမ်းစားစစ်အရာရှိကြီးများကို ကန်တော့ပွဲတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ၈၁ နှစ်မြောက် စစ်တပ်နှစ်ပတ်လည်နေ့ အခမ်းအနားပြီးသည့်နောက်ပိုင်း စစ်တပ်ခေါင်းဆောင်အပြောင်းအလဲဖြစ်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး မကြာမီ သမ္မတနှင့်ဒုတိယသမ္မတများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

လက်ရှိ မင်းအောင်လှိုင်၏ စစ်တပ် ဦးစီးချုပ် ရာထူးတာဝန်များအားလုံးကို ဒုစစ်ဦးစီးချုပ် စိုးဝင်းက ယာယီအားဖြင့် ရယူနေပြီး စစ်တပ်အတွင်း လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များစွားကို စစ်ဦးစီးချုပ်(ကိုယ်စား) ဟု လက်မှတ် ရေးထိုး၍ ဆက်တိုက် ထုတ်ပြန်လျက်ရှိကြောင်း သိရှိရသည်။

“သမ္မတနဲ့ အစိုးရ အဖွဲ့ ဖွဲ့အပြီးမှာ ကာ/လုံ(အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ) ခေါ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို တရားဝင် ပြန်လည် ခန့်အပ်ဖို့ရှိတယ်။ အခုကတော့ ဒုတပ်ချုပ်က ယာယီ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ယာယီအားဖြင့် ရယူထားတယ်။ ကာ/လုံက တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်အသစ်ကို တရားဝင် ခန့်အပ်မှာ။ ဒုချုပ်ကိုပဲ တပ်ချုပ်ဆက်ပေးမလား၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်ချုပ်ရာထူး ပေးမလားတော့ အဲဒါကတော့ စောင့်ကြည့်ရမှာပဲ။ တပ်ထဲမှာတော့ ဒုချုပ်က တပ်ချုပ်ဖြစ်မယ်လည်း​ ခန့်မှန်းကြတယ်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်ချုပ်ဖြစ်မယ်လည်း မှန်းဆနေကြတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်အတွင်း ထိပ်ပိုင်းရာထူးနေရာအပြောင်းအလဲများကို စစ်တပ်ဦးစီးချုပ်အသစ် တရားဝင်ခန့်အပ်ပြီးချိန် ထပ်မံ မြင်တွေ့ရမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article