ရန်ကုန်၊ မတ် ၂၈
မြန်မာနိုင်ငံတွင် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုမှာ ယနေ့တွင် ၁ နှစ်ပြည့်သွားပြီဖြစ်သော်လည်း ကလေး ငယ်များ စိတ်ဒဏ်ရာမှ ရုန်းထွက်ရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း Save the Children အဖွဲ့က ထုတ်ပြန်ပြောဆိုသည်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနှင့် စစ်ကိုင်းမြို့ကြီးများအနီး ဗဟိုပြုကာ လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇ အဆင့်ရှိ အဖျက်စွမ်းအားပြင်း ငလျင်ကြီး ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်နှစ်ပြည့်ပြီ ဖြစ်ကြောင်း၊ အဆိုပါ ငလျင်ကြောင့် လူပေါင်း ၃,၈၀၀ ကျော် သေဆုံးခဲ့ပြီး ချက်ချင်းလက်ငင်း အကူအညီလိုအပ်သူ ၆.၃ သန်းအထိ ရှိခဲ့ကြောင်း၊ သို့သော် ၁ နှစ်ကြာသည့်တိုင်အောင် အိုးအိမ်နှင့် ချစ်ခင်ရသူများကို ဆုံးရှုံးခဲ့ရသည့် ကလေးငယ်များမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဒဏ်ရာများကို ကုစားနိုင်ရန် အပြင်းအထန် ရုန်းကန်နေရဆဲ ဖြစ်သည်ဟု Save the Children အဖွဲ့က သတိပေးသည်။
ရှမ်းပြည်နယ်မှ အသက် ၁၆ နှစ်အရွယ် မောင်မြတ်ငြိမ်း သည် ငလျင်အတွင်း ၎င်း၏ မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရသူဖြစ်ကြောင်း သိရှိရသည်။
သူက “ကျွန်တော် အရင်ကထက် အများကြီး ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ အရင်က ဆော့ကစားတတ်ပေမဲ့ အခုတော့ အလိုလိုနေရင်း လူကြီးတစ်ယောက် ဖြစ်သွားသလိုပဲ။ အဖေနဲ့ အဘွားကို ကူညီရတယ်၊ ညီလေးကိုလည်း ကြည့်ရတယ်။ သူငယ်ချင်းတွေနဲ့လည်း အရင်လို သွားမဆော့ဖြစ်တော့ဘူး” ဟု သူက ပြောသည်။
ငလျင်အပြီး တစ်နှစ်တာကာလအတွင်း Save the Children နှင့် မိတ်ဖက်အဖွဲ့အစည်းများက စိတ် ပိုင်းဆိုင်ရာ ကုစားမှုအဖြစ် ကလေးငယ် ၉,၀၀၀ အပါအဝင် လူပေါင်း ၃၀,၀၀၀ နီးပါးကို စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပေးအပ်ခဲ့ကြောင်း၊ အရေးပေါ် ကူညီမှုအဖြစ် အစားအစာ၊သောက် သုံးရေ၊ စောင်၊ ခြင်ထောင်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများကို ပေးဝေခဲ့ပြီး လူပေါင်း ၂၇၅,၀၀၀ ကျော် (ကလေး ၈၀,၀၀၀ အပါအဝင်) ထံသို့ အကူအညီများ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
ကျန်းမာရေးနှင့် ပညာရေးအဖြစ် အာဟာရချို့တဲ့မှု တိုက်ဖျက်ရေး၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပျက်စီးသွားသော ရေအရင်းအမြစ်များကို ပြုပြင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Save the Children ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Arshad Malik က “မြန်မာနိုင်ငံက ငလျင်ဟာ ခဏလေးအတွင်းမှာပဲ ပြီးသွားခဲ့ပေမဲ့ အဲ့ဒီရဲ့ အကျိုးဆက်တွေကတော့ ကလေးငယ်တွေရဲ့ စိတ်ထဲမှာ အခုထိ ပဲ့တင်ထပ်နေတုန်းပါပဲ။ ဘဝတွေကို ပြန်လည်တည်ဆောက်ဖို့ဆိုတာ တစ်ညတည်းနဲ့ မရနိုင်သလို ရေရှည်ပံ့ပိုးကူညီမှုတွေ အများကြီး လိုအပ်ပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အလိုအပ်ဆုံးနိုင်ငံတစ်ခုအဖြစ် ဆက်ရှိနေဆဲ ဖြစ်ကြောင်း၊ နိုင်ငံလူဦးရေ၏ ၄၅ ရာခိုင်နှုန်းကျော် (လူပေါင်း ၁၆.၂ သန်း) မှာ အရေးပေါ် အကူအညီများ လိုအပ်နေပြီး ယင်းတို့အနက် ၅ သန်းမှာ ကလေးငယ်များ ဖြစ်ကြကြောင်း၊ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခနှင့် နေရပ်စွန့်ခွာမှုများ ဖြစ်ပွားနေသည့် ဒေသများတွင် အခြေခံဝန်ဆောင်မှုများမှာ အလွန်အမင်း ဖိအားပေးခြင်း ခံနေရကြာင်း ထုတ်ပြန်ပြောဆိုထားသည်။
ဓာတ်ပုံ- ကုလသမဂ္ဂအဖွဲ့အစည်းများ။

Plan International is coordinating with local and international humanitarian agencies to provide emergency relief to the most vulnerable. As part of our ongoing relief efforts, we






