27 C
Yangon

မြို့သစ်နှင့် နတ်မောက်တို့တွင် စစ်တပ်နှင့် ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာတွင်ပါဝင်သည့် စိုက်ပျိုးရေးဌာနမှ အငြိမ်းစား အရာရှိ ၁ ဦးနှင့် ပျူစောထီး ၁ ဦးတို့ကို အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ မတ် ၂၈

မကွေးတိုင်း၊ မြို့သစ်မြို့နယ်နှင့် နတ်မောက်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာ၌ ပါဝင်ခဲ့သော စိုက်ပျိုးရေးနှင့် မွေးမြုရေးဌာနမှ အငြိမ်းစား အရာရှိ အောင်သိုက်နှင့် ပျူစောထီး ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့ မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ မြို့သစ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာတွင် ပါဝင်ခဲ့သော စိုက်ပျိုးရေးနှင့် မွေးမြုရေးဌာနမှ အငြိမ်းစား အရာရှိ အောင်သိုက်ကို နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာ အနီး ရွှေနတ်ကယ်တောင်ဘုရားကြီးထဲတွင် နတ်မောက်ဂဠုန် PDF မှ ရဲဘော်များက အရှင်ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အရှင်ဖမ်းမိခဲ့သော အောင်သိုက် ထံမှ အကြမ်းဖက် စစ်တပ်နှင့် ပတ်သတ်သော ဖုန်းနံပါတ်များနှင့် ပေါ်တာဆွဲရာတွင် အသုံးပြုခဲ့သော မှတ်တမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသော အငြိမ်းစား အရာရှိ အောင်သိုက်ကို ချောင်းနတ်ကြီးကျေးရွာမှ ဘုန်းကြီးတစ်ပါးက ငွေကျပ် သိန်း ၄၀ ဖြင့် ပြန်ရွေးထုတ်ပေးမည်ဟုဆိုကာ အောင်သိုက်မိသားစုထံမှ ငွေလိမ်လည် တောင်းယူမှုတစ်ခုလည်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“သူက စစ်ခွေး၊ ရဲခွေးနဲ့ ပတ်သတ်ထားတာတွေရှိတယ်။ နောက်တစ်ခုက ပေါ်တာဆွဲတဲ့ ကိစ္စတွေမှာ သူက ရက်စွဲတွေ မှတ်ချက်တွေ မှတ်စု စာအုပ်တွေ ရေးထားတွေ့တယ်။ သူက အရင် ဖားကန့်ဘက်မှာ အုပ်ချုပ်ရေး လုပ်လာခဲ့တာလို့သိရတယ်။ နောက်တစ်ခုက စိုက်ပျိုးရေး ဝန်ကြီးဌာနမှာလည်း အရာရှိဖြစ်တယ်။ အခုလောလောဆယ်ကတော့ သူကတော့ ပင်စင်စားနေတယ်ပေါ့။ သူ့ကိုဖမ်းဆီးမိတာက ရွှေနတ်ကယ်တောင် ဘုရားကြီးထဲတွင် ဖမ်းမိတာ အရေးယူဆောင်ရွက်ဖို့တော့ ဒီဦးလေးကြီးက အသက် ကလည်း ၇ဝကျော်ရှိပြီဆိုတော့လေ။ အပြစ်ပေး အပြစ်ယူမှုကတော့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး အမှုကို ကျွန်တော်တို့ သေချာလေး စစ်ဆေးပြီးတော့မှပဲ ကျွန်တော်တို့ လုပ်ဆောင်မှာဖြစ်ပါတယ်။ ဖမ်းဆီးထားတယ်ဆိုတာပဲ ရှိပါတယ်”ဟု နတ်မောက်ဂဠုန်PDFအဖွဲ့ မှ ဗိုလ်အောင်ဒင်က ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း နတ်မောက်မြို့နယ်၊ သရက်ချဉ်ကျေးရွာမှ တော်လှန်ရေး သတင်းများကို ထောက်လှမ်းနေသော ပျူစောထီး ဇော်နိုင်ဝင်းကို နတ်မောက်ဂဠုန် PDF အဖွဲ့ မှ ရဲဘော်များက စိုင်းကောင်းကျေးရွာအနီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက နတ်မောက်မြို့နယ် သရက်ချဉ်ကျေးရွာကပါ သူ့ကို ဖမ်းမိတဲ့နေရာက စိုင်းကောင်းကျေးရွာ အနီး နယ်မြေ စစ်ဆေးနေချိန်တွင် မသင်္ကာလို့ စစ်ဆေးချိန်မှာ ဖမ်းမိတာပါ။ လက်နက်ခဲယမ်းတွေတော့ မပါဘူး။ လက်နက်ခဲယမ်းတွေက ထုတ်မပေးဘူလို့ပြောတယ်။ သူ့က အထက်က ညွှန်ကြားလို့ PDF သတင်း ကို လာထောက်လှမ်းတာလို့ ဝန်ခံထားပါတယ်။ ဇော်နိုင်ဝင်းကို ပြင်းပြင်းထန်ထန် အရေးမှုတွေ လုပ်မှာပါ။ သူက လက်နက်ကိုင် ပျူစောထီးလည်း ဖြစ်တယ်။ နောက်တစ်ခုက စစ်ကောင်စီနဲ့ ကြေးစား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်နေတာပါ။ အဲဒါကြောင့် ကြီးမားတဲ့ ပြစ်ဒဏ်တွေ ပေးမှာဖြစ်ပါတယ်။ နောက်တစ်ခုက သူတို့နဲ့ ပတ်သတ်တဲ့လူတွေ သူတို့တွေကို ထောက်ပံ့ပေးတဲ့ အရာတွေ ဒီဟာတွေကိုလည်း အရေးယူဆောင်ရွက်သွာမှာဖြစ်ပါတယ်။ စစ်ခွေး ဒေါက်တိုင်တွေကိုလည်း ဖမ်းဆီးအရေးဆောင်ရွက်သွားတာတွေလည်း လုပ်ဆောင်သွားမယ်”ဟု နတ်မောက်ဂဠုန်PDFအဖွဲ့ မှ ဗိုလ်အောင်ဒင်က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article