27 C
Yangon

ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိဟုဆို

Must read

၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် မြင်းခြံခရိုင်၊ မြင်းခြံတိုက်နယ် ၃ အခြေစိုက် နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့သာရဲစခန်းအတွင်းသို့ RPG ၁ လုံးနှင့် ၄၀ မမ လက်နက်ကြီး ၆ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်များသည် စစ်ကောင်စီတပ်သားများ ရှိနေသည့် စခန်းအလယ်ဗဟိုဆောင်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ တာဝန်ခံ ကိုသန့်၏ ပြောကြားချက်အရ စစ်ကောင်စီဘက်မှ အနည်းဆုံး တပ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဆေးရုံသို့ လူနာတင်ကားများဖြင့် ပို့ဆောင်နေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူများလည်း ရှိနိုင်ကြောင်း သိရှိရသည်။

“စစ်ခွေးသေစာရင်းကတော့ အခုထိကို ကျွန်တော်တို့ စုံစမ်းနေတုန်းပါ။ စစ်ခွေးစာရင်းက အသေ အပျောက်ကတော့ မသိရသေးဘူး။ ထိခိုက်တာက တော့အနည်းဆုံး စစ်ခွေး ၄ကောင်လောက်တော့ ထိတယ်။ စစ်ခွေးဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ ထိတယ် ဘာဖြစ်လို့လည်းဆိုတော့ မနေ့က ကျွန်တော်တို့ လုပ်ပြီးတဲ့ အချိန်မှာ ဒီဆေးရုံဘက်ကိုလေ ကားနဲ့ သွားတာရော့ရှိတယ်။ အခုထိလည်း ဆေးရုံဘက်မှ အဲဒီလိုမျိုးရှိတယ်။ စစ်ခွေး အင်အားကတော့ အများကြီးတော့ မရှိဘူး။ အင်အား ၆၀ လောက်တော့ နေတယ်ပြန့်ပြန့်နေတယ်။ သူတို့ ဒီ စခန်းထဲက အလယ်ဗဟိုဆောင်တော့ ထိတယ်။ RPG ထုတာပါ။ မီတာ ၁၅၀လောက်ဘဲ။ RPG ရယ်၊ ကျွန်တော်တို့ ၄၀ လုံးပေါ့” ဟု နဂါးနီ ပြောက် ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ခံ ကိုသန့်က ပြောဆိုသည်။

အဆိုပါရဲစခန်းတွင် စစ်ကောင်စီအင်အား ၆၀ ခန့် တပ်စွဲနေရာယူထားပြီး၊ တော်လှန်ရေးရဲဘော်များဘက်မှ မီတာ ၁၅၀ ခန့်အကွာအထိ ကပ်၍ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article