27 C
Yangon

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ အထပ်သားပြား စက်ရုံမှ အလုပ်ထုတ်ခံရသော မြန်မာ အလုပ်သမား ၅၅ ဦး နစ်နာကြေး ဘတ်ငွေ ၃ သိန်းခွဲကျော် ပြန်လည်ရရှိ

Must read

ရန်ကုန်၊ မတ် ၂၈

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ အထပ်သားပြား စက်ရုံမှ အလုပ်ထုတ်ခံရသော မြန်မာ အလုပ်သမား ၅၅ ဦး အတွက် နစ်နာကြေး ဘတ်ငွေ ၃ သိန်းခွဲကျော် ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့မှ ဦးဆောင်စီစဉ်သူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ချွန်ဘူရီခရိုင်ရှိ အထပ်သားပြား စက်ရုံတစ်ခုတွင် မြန်မာလုပ်သား ၂၀၀ ခန့် အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရပြီး အထောက်ထားရှိသော်လည်း ရဲကြေးအဖြစ် လစဥ် ဘတ် ၁၀၀၀ ဖြတ်တောက်ခံရခြင်း၊ အလုပ်ပုံမှန်မဆင်းရခြင်းတို့ အပြင် ကြိုတင်အကြောင်းမကြားဘဲ စက်ရုံ HR ၏ ညွှန်ကြားချက်ဖြင့် ကြားခံ အေဂျင်စီများက လုပ်အားခများမပေးဘဲ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလုပ်ထုတ်ပယ်ခံရသော မြန်မာလုပ်သား ၂၀၀ ခန့်ထဲမှ ၆၈ ဦးသာ သက်သေအထောက်အထား ခိုင်မာစွာဖြင့် အေအေစီ ကိုရဲမင်း ဦးဆောင်သော MHAC မဟာမိတ်အဖွဲ့ထံ ဆက်သွယ်အကူအညီ တောင်းခံလာသောကြောင့် မတ်လ ၁၈ ရက်နေ့တွင် MHAC မဟာမိတ်အဖွဲ့၏ တာဝန်ရှိသူများမှ မြန်မာ လုပ်သား ၅၅ ဦးတို့နှင့်အတူ နယ်မြေခံ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးသို့သွားရောက်၍ ကူညီမှုများ စတင်ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကူညီပေးမှုများ လုပ်ဆောင်ပြီးနောက် မတ်လ ၂၄ ရက်နေ့တွင် သက်ဆိုင်ရာ အေဂျင်စီများက ယင်းမြန်မာလုပ်သားများအတွက် ရသင့်ရထိုက်သည့် ဘတ်ငွေ ၃သိန်း ခွဲကျော်နှင့် နေထိုင်အလုပ်လုပ်ကိုင်ခွင့် အထောက်ထားများအတွက် ဆက်လက်တာဝန်ယူပေးခဲ့ပြီး မြန်မာလုပ်သား ၅၅ ဦးအတွက် အမှုကို MHAC မဟာမိတ်အဖွဲ့က အောင်မြင်စွာ ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

“လူ့အခွင့်အရေးချိုးဖောက်ခံရပြီး အလုပ်ဖြုတ်ခံရတာတော့ အလုပ်သမား ၂၀၀ လောက်ရှိတယ်။ အထောက်အထားတွေရှိလည်း ရဲကြေးအဖြစ် လစဉ် ဘတ်ငွေ ၁ ထောင်ဖြတ်ခံရတယ်။ အလုပ်ပုံမှန်မဆင်းရတာတွေ အလုပ်ပုံမှန်မရှိတာတွေ လုပ်အားခတွေ ပုံမှန်မရတာတွေ နောက်ဆုံး အလုပ်ကနေ ထုတ်ပယ်ခံရလိုက်ရတဲ့ အခြေအနေပါ။ အဲတာကြောင့် အလုပ်သမားတွေဘက်က အကိုတို့က ရပ်တည်ပြီးတော့ ထိုင်းအာဏာပိုင်တွေပူးပေါင်းပြီးတော့ သက်ဆိုင်ရာထိုင်နယ်မြေခံ အလုပ်သမားကာကွယ်ရေးဌာန ထိုင်းအစိုးရ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးတော့ ဝင်ရောက်ကူညီပေးခဲ့တာပါ။ လာရောက်တိုင်တဲ့ အလုပ်သမား ၅၅ ယောက်ကို နစ်နာကြေး ဘတ်ငွေ ၃ သိန်းခွဲကျော်လောက်ရအောင် ကူညီပေးနိုင်ခဲ့တယ်” ဟု MHAC မဟာမိတ်အဖွဲ့မှ ဦးဆောင်စီစဉ်သူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article