27 C
Yangon

ကြံ့ဖွတ်ပါတီက မင်းအောင်လှိုင်နှင့် နန်းနီနီအေးတို့ကို ဒုတိယသမ္မတများအဖြစ် အဆိုပြု၊ ပြိုင်ဘက်များရှိသော်လည်း မဲအများစု ကြံ့ဖွတ်ပါတီကသာ အားသာ

Must read

ရန်ကုန်၊ မတ် ၃၀

ကြံ့ဖွတ်ပါတီက မင်းအောင်လှိုင်နှင့် နန်းနီနီအေးတို့ကို ဒုတိယသမ္မတများအဖြစ် အဆိုပြုလိုက်ကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ နေပြည်တော် အကြမ်းဖက် လွှတ်တော်အစည်းအဝေးများတွင် ကြံ့ဖွတ်ပါတီက မင်းအောင်လှိုင်နှင့် ဒေါ်နန်းနီနီအေးတို့ကို ဒုတိယသမ္မတလောင်းများအဖြစ် အသီးသီး အဆိုပြုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အတွင်း ထားဝယ်မဲဆန္ဒနယ်မှ ကြံ့ဖွတ်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်ဌေးက မင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုခဲ့ပြီး ပင်လောင်းမဲဆန္ဒနယ်မှ နန်းရီရီဝင်းက ထောက်ခံခဲကြောင်း သိရှိရသည်။

ယင်းအဆိုပြုမှုအပေါ် အပြိုင်အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ကြံ့ခင်းမဲဆန္ဒနယ်မှ ဦးနိုင်မင်းဦးက တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေ အား ဒုတိယသမ္မတလောင်းအဖြစ် တင်သွင်းခဲ့ပြီး စေတုတ္တရာမဲဆန္ဒနယ်မှ ဦးမိုးတင်က ထောက်ခံခဲ့သည်။

အဆိုပြုသူ ၂ ဦးဖြစ်နေ၍ မဲခွဲဆုံးဖြတ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သော် လည်း ကြံ့ဖွတ်ပါတီကသာ ကိုယ်စားလှယ်အများစုရှိ၍ မင်းအောင်လှိုင်သာ ရွေးချယ်ခံရမည်ဖြစ်သည်။

အလားတူ အကြမ်းဖက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးတွင်လည်း ဒုတိယသမ္မတလောင်းများအဖြစ် နန်းနီနီအေး နှင့် ဒေါက်တာ မနမ်တူးဂျာ တို့ကို အမည်စာရင်းတင်သွင်းခဲ့ကြသည်။ ကြံ့ခိုင်ရေးပါတီဘက်မှ ဒေါ်နန်းနီနီအေးကို အဆိုပြုခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားကိုယ်စားလှယ်များဘက်မှ ဒေါက်တာ မနမ်တူးဂျာကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

အစုအဖွဲ့အသီးသီးတွင် အဆိုပြုသူ ပြိုင်ဘက်များ ရှိနေသော်လည်း လက်ရှိ လွှတ်တော်နှစ်ရပ်လုံးတွင် နေရာအများစု အသာစီးရရှိထားသည့် ကြံ့ဖွတ်ပါတီက တင်သွင်းသူများသာ မဲအပြတ်အသတ်ဖြင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်ခံရရန် အားသာလျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article