27 C
Yangon

နေပြည်တော်အဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့သော ဝရဇိန်တပ်ဖွဲ့က လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၄ ခုကို ဒရုန်းမောင်းနှင်ခြင်း သင်တန်းပို့ချပြီး စစ်တပ် ပစ်မှတ်များကို ထပ်မံ တိုက်ခိုက်မည်ဟုပြောဆို

Must read

ရန်ကုန်၊ မတ် ၃၀

ရန်ကုန်-မန္တလေး လမ်းဟောင်း နေပြည်တော်အဝင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့သော ဝရဇိန်တပ်ဖွဲ့က လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၄ ခုကို ဒရုန်းမောင်းနှင်ခြင်း သင်တန်းပို့ချပြီး စစ်တပ် ပစ်မှတ်များကို ထပ်မံ တိုက်ခိုက်မည်ဖြစ်ကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ပိုင်းမှ စတင်ပြီး ဝရဇိန်တပ်ဖွဲ့က ၅/၂၆ အဖြစ် လွတ်မြောက်နယ်မြေ တနေရာတွင် မဟာမိတ် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၄ ဖွဲကို ဒရုန်းမောင်းနှင်ခြင်း သင်တန်းများ ပို့ချခဲ့ပြီး မတ်လ ၂၉ ရက်နေ့တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသင်တန်းကို မဟာမိတ် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော Loikaw Local PDF ၊ ဧရာဝတီပြည်နယ်ကာကွယ်ရေးတပ် ၊ ဇာမဏီတပ်ဖွဲ့နှင့် ပြည်သူ့တော်လှန်ရေးအင်အားစု PRF တပ်ဖွဲ့တို့မှ ရဲဘော်များ တက်ရောက်ခဲ့ကြပြီး အဆင့်မြင့် Anti jamming FPV & Multi rotors pay load drone များမောင်းနှင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း နည်းပညာများကို စာတွေ့ လက်တွေ့ စနစ်တကျ တက်မြောက်သည်အထိသင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ သင်တန်းပို့ချခြင်းသည် အကြမ်းဖက် စစ်တပ်၏ ယန္တရားများကို ဆက်လက် တိုက်ခိုက်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး နည်းပညာစစ်ပွဲများ ဆက်လက် ဖော်ဆောင်နိုင်ရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

“အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ယန္တရား ဖြစ်တဲ့ ဘယ် ယန္တရားကိုမဆို တိုက်ခိုက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုမျိုး တိုက်ခိုက်ခဲ့နေရာမှာ ကျယ်ကျယ် ပြန့်ပြန့်နဲ့ တော်လှန်ရေးကို နည်းပညာ စစ်ပွဲအဖြစ် ဆက်လက် ဖော်ဆောင်နိုင်ဖို့ကို အခုလို မဟာမိတ် တော်လှန်ရေး အဖွဲ့တွေကို သင်တန်းပေးရတာပေါ့” ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ဝရဇိန်တပ်ဖွဲ့သည် မတ်လ ၂၁ ရက်နေ့က ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ နေပြည်တော်အဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို “Operation Fly Over Urban (Yae Ni)” အဖြစ် အဆင့်မြင့် အသေခံ ဒရုန်း များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article