27 C
Yangon

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ရဲယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု ရဲ ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၃၀

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာအနီးရှိ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ရဲယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁၀ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ သတင်းနှင့် ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ကင်းလှည့်လာသော ရဲကား ၄ စီး၊ အင်အား ၂၀ ခန့် ပါဝင်သော ယာဉ်တန်းကို PLA က ကင်းပုန်းဝပ်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုထိတွေ့တိုက်ပွဲသည် ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ထိုတိုက်ခိုက်မှုအတွင်း ရဲ ၁၀ ဦးသေဆုံးကာပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ရဲခွေး အင်အား ၂၀ ခန့်ပါတဲ့ ကား ၄ စီးကို တိုက်ခိုက်ခဲ့တာ ရဲ ၁၀ ကောင်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ထပ်တိုးသေဆုံးတာတော့ မသိရသေးပါဘူး။ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးတော့ မရှိဘူး” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ သတင်းနှင့် ပြန်ကြားရေးက တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ ရဲယာဉ်တန်းသည် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကင်းလှည့်ခြင်း၊ ဂိတ်ထိုးပြီး ပိုက်ဆံ ကောက်နေသော ရဲကားယာဉ်တန်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်ကိုလည်း အကြမ်းဖက် စစ်တပ်က ရှင်းလင်းရေး လုပ်ဆောင်နေကာ အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article