36 C
Yangon

ရဲချုပ်ဟောင်း အောင်နိုင်သူကို ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ဗိုလ်မှူးချုပ်အောင်ဝင်းသန်းကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် လက်ရှိ မျိုးအောင်ကို ပြန်ခန့်၊ အကြမ်းဖက် တိုင်း/ပြည်နယ်ဝန်ကြီး ချုပ်များအဖြစ် ကြံ့ဖွတ်များနှင့်စစ်ဗိုလ်ဟောင်း၊ရဲဟောင်းများကို မင်းအောင်လှိုင်က ခန့်အပ်

Must read

ရန်ကုန်၊ ဧပြီ ၆

ရဲချုပ်ဟောင်း အောင်နိုင်သူကို ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ဗိုလ်မှူးချုပ်အောင်ဝင်းသန်းကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် လက်ရှိ မျိုးအောင်ကို ပြန်ခန့်လိုက်ပြီး အကြမ်းဖက် တိုင်း/ပြည်နယ် ဝန်ကြီးချုပ် နေရာများကို ကြံ့ဖွတ်များ၊ စစ်ဗိုလ်ဟောင်း၊ ရဲအရာရှိဟောင်းများကို အကြမ်းဖက် မင်းအောင်လှိုင် ခန့်အပ်ထားကြောင်း သိရှိရသည်။

ယနေ့ အကြမ်းဖက်ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် အကြမ်းဖက် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ကိုးကိုးကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းလွှတ်တော်အမတ်အဖြစ် ကြံ့ဖွတ်ကိုယ်စားပြု ရွေးချယ်ခံထားရသော ရဲချုပ်ဟောင်း အောင်နိုင်သူကို မင်းအောင်လှိုင်က ခန့်အပ်အဆိုပြုပြီး အကြမ်းဖက် ရန်ကုန်တိုင်း လွှတ်တော်က အတည်ပြုကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်းဝန်ကြီးချုပ်နေရာကို လက်ရှိ ဝန်ကြီးချုပ် မျိုးအောင်ကိုပင် မင်းအောင်လှိုင်က အဆိုပြုခန့်အပ်ခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာကိုမူ စစ်တပ်၏ မွန်ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ် အောင်သန်းဝင်းကို မင်းအောင်လှိုင်က အဆိုပြု ခန့်အပ်ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ်လည်း လက်ရှိဝန်ကြီးချုပ်လည်းဖြစ်။ ရဲအရာရှိဟောင်းဖြစ်သူ မျိုးဆွေဝင်းကိုပင် ဆက်လက် ခန့်အပ်ခဲ့ပြီး ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် ကြံ့ဖွတ်ပါတီ၏ ဧရာ၀တီတိုင်း လွှတ်တော်အမတ် အေးကျော်ကို ခန့်အပ်ကြောင်း သိရှိရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် လက်ရှိဝန်ကြီးချုပ်ဖြစ်သူလည်းဖြစ်၊ ကြံ့ဖွတ်ပါတီ၏ မြစ်ကြီးနားမြို့ အခြေပြု ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ခက်ထိန်နန်ကို မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်နေရာကိုလည်း လက်ရှိ ဝန်ကြီးချုပ်လည်းဖြစ်၊ ကြံ့ဖွတ်ပါတီ၏ ကရင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ စောမြင့်ဦးကိုပင် မင်းအောင်လှိုင်က ပြန်လည် ခန့် အပ်ခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုလည်း ကြံ့ဖွတ်ပါတီ၏ ရပ်စောက်မြို့နယ် ကိုယ်စားလှယ် စိုင်းထိန်စိုးကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် မင်းအောင်လှိုင်က ခန့်အပ်ကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်နေရာများကို လူဟောင်းများ၊ ကြံ့ဖွတ်များ၊ စစ်အရာရှိများ၊ စစ်အရာရှိဟောင်းများနှင့်ရဲအရာရှိဟောင်းများကိုသာ ဦးစားပေးခန့်ထားလျက်ရှိပြီး တိုင်းရင်းသားပါတီများမှ ပြည်နယ်/တိုင်း လွှတ်တော်ကိုယ်စားလှယ်များကို ဝန်ကြီးချုပ်များအဖြစ် ခန့်အပ်ခြင်းမပြုသည်ကိုတွေ့ရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article