30 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်က အတင်းလုယူထားသော သမ္မတအဖြစ် ဧပြီလ ၁၀ ရက်နေ့တွင် ကျမ်းကျိန်ဆိုမည်ဖြစ်ပြီး ကျမ်းကျိန်ပွဲသို့ နိုင်ငံတကာမှ ခေါင်းဆောင်များ တက်ရောက်ရန် လိုက်လံဖိတ်ကြားနေ

Must read

🟥 ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် အိန္ဒိယနိုင်ငံမှ လက်ထောက်အငယ်တန်းဝန်ကြီးအဆင့်သာ တက်မည်ဟု အကြောင်းပြန်

ရန်ကုန်၊ ဧပြီ ၇

အကြမ်းဖက် မင်းအောင်လှိုင်က အတင်းလုယူထားသော သမ္မတအဖြစ် ဧပြီလ ၁၀ ရက်နေ့တွင် ကျမ်း ကျိန်ဆိုမည်ဖြစ်ပြီး မင်းအောင်လှိုင်၏ကျမ်းကျိန်ပွဲသို့ နိုင်ငံတကာမှ ခေါင်းဆောင်များ တက်ရောက်ရန် လိုက်လံဖိတ်ကြားနေကြောင်း စစ်တပ်သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် နိုင်ငံတကာသတင်းများအရ သိရှိရသည်။

မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့ ၎င်း၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ထိုင်း၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက် နမ် အပါအဝင် အာဆီယံ၊ ကုလသမဂ္ဂ နှင့်မိတ်ဖက်နိုင်ငံများမှ ခေါင်း ဆောင်များ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဧပြီ ၁၀ ရက်နေ့ သမ္မတအဖြစ် ကျမ်းသစ္စာ မကျိန် ဆိုမီ ဝန်ကြီး၊ဒုဝန်ကြီးများ အဆိုပြုခန့်ထားခြင်း၊ တိုင်း/ပြည်နယ်ဝန်ကြီး ချုပ်များ အဆိုပြု ခန့်ထားခြင်း၊ နိုင်ငံအဆင့် အဖွဲ့အစည်းများ ဖွဲ့ စည်းခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

မင်းအောင်လှိုင်၏ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အိန္ဒိယနိုင်ငံဘက်မှ ပြည်ပရေးရာ လက်ထောက် အငယ်တန်းဝန်ကြီး ကာတီဗာဒန်ဆင်း ၊ ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီ ဘဟီဒါနုကရာ (Parnpree Bahiddha-Nukara)တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article