ရန်ကုန်၊ ဧပြီ ၇
အကြမ်းဖက် မင်းအောင်လှိုင်က အစိုးရအဖွဲ့သစ်တွင် လူဟောင်းများနှင့်သစ္စာခံသူ စစ်ဗိုလ်ချုပ်ဟောင်းများကိုသာ ဝန်ကြီးများအဖြစ် အဆိုပြုခန့်အပ်ထားကြောင်း အကြမ်းဖက် လွှတ်တော်တွင် တင်သွင်းသော အဆိုပြုခန့်အပ်ချက်အရ သိရှိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ယနေ့ ဧပြီလ ၇ ရက်နေ့တွင် အကြမ်းဖက် လွှတ်တော်သို့ ဝန်ကြီးဌာန ၃၁ ခုနှင့် ဝန်ကြီး ၃၀ ဦး နာမည်စာရင်းတင်သွင်းအတည်ပြုခဲ့ပြီး ဝန်ကြီး ၃၀ ဦးမှာလည်း လူဟောင်းများ၊ စစ်ဗိုလ်ချုပ်ဟောင်းများနှင့် အကြမ်းဖက် မင်းအောင်လှိုင်ကို သစ္စာခံသူများကိုသာ ပြန်လည် ခန့်အပ်ထားသည်ကို မြင်တွေ့ရသည်။
ထူးခြားချက်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် တရုတ်သံအမတ်ဟောင်း တင်မောင်ဆွေကို ခန့်အပ်ခြင်းဖြစ်ပြီး တင်မောင်ဆွေမှာ အငြိမ်းစားဗိုလ်မှူးချုပ်ဖြစ်ကာ နေပြည်တော်ကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူမှာ ရခိုင်ဝန်ကြီးချုပ်ဟောင်း ထိန်လင်းဖြစ်ပြီး ၎င်းသည် ဗိုလ်မှူးကြီးဟောင်း တစ်ဦးဖြစ်ကာ ရခိုင်ပြည်နယ်နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် အကြမ်းဖက် မင်းအောင်လှိုင်၏ အကြံပေးလည်းဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးအဖြစ် လက်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ခင်မောင်ရီကို ခန့်အပ်ထားသည်။
သမ္မတရုံးဝန်ကြီးအဖြစ် လက်ရှိ ဝန်ကြီးဖြစ်နေသူ အောင်ကျော်ဟိုး၊ ပို့ဆောင်ရေးဝန်ကြီးဖြစ် ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်စန်း၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ဟောင်း မြထွန်းဦး၊ကာကွယ်ရေးဝန်ကြီးအဖြစ် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဒေါက်တာ ကံဇော်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးအဖြစ် သန်းမောင်တို့ကိုလည်းကောင်း ခန့်အပ်ထားသည်။
ဥပဒေရေးရာဝန်ကြီးအဖြစ်ဒေါက်တာ သီတာဦး၊ ပညာရေးဝန်ကြီး ဒေါက်တာ ချောချောစိန်၊သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာ မျိုးသိမ်းကျော်၊ ကျန်းမာ ရေး ဝန်ကြီးအဖြစ် ဒေါက်တာ သက်ခိုင်ဝင်း၊အမျိုးသမီးရေးရာဝန်ကြီးအဖြစ် ဒေါက်တာ သက်သက်ဇင် ၊သာသနာရေးဝန်ကြီး တင်ဦးလွင်၊ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် မင်းနောင်၊ သမဝါယမနှင့် ကျေး လက် ဖွံ့ဖြိုးရေးဝန်ကြီးအဖြစ် မျိုးဇော်သိန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဆန်းဦး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကိုကို လွင်၊ စက်မှုနှင့် အသေးစား၊ အလယ်စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးအဖြစ် ၊ ဒေါက်တာ ချာလီသန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး မြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ခင်မောင်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထွန်းအုံ၊ အား ကစားရေးရာဝန်ကြီး ရဲမြင့်ထွန်း၊ လူငယ်ရေးရာဝန်ကြီးဒေါက်တာ မောင်သင်း၊ ဆောက်လုပ်ရေးဝန်ကြီး မျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ်ဒေါက်တာ စိုးဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးအဖြစ် မောင်မြင့်တို့ကို ခန့်အပ်ထားသည်။









