30 C
Yangon

ဖားကန့်ဗျူဟာကုန်းမှ စစ်တပ်က လုံးခင်းကျေးရွာဘက်သို့ တပ်ဖြန့်နေရာယူလာသဖြင့် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်ပြီး ပြည်သူများ စစ်ဘေးရှောင်

Must read

ရန်ကုန်၊ ဧပြီ ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာဘက်သို့ စစ်တပ်က တပ်ဖြန့်နေရာယူလာသဖြင့် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်ပြီး ဒေသနေပြည်သူများ စစ်ဘေးရှောင်နေကြကြောင်း ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်ပြီးနောက် ဖားကန့်ဗျူဟာကုန်းမှစစ်သားများ လုံးခင်း ကျေးရွာအတွင်း ဝင်ရောက်လာကာ လုံးခင်းကျောက်ဝိုင်းမိန်းလမ်းမပေါ်ရှိ မြင့်မားသော အ ဆောက်အအုံများပေါ်တွင် တပ်စွဲနေရာခဲ့ကြောင်း၊ ထို့အပြင်လုံးခင်း – မှော်စီဆာ – ဖားကန့် လမ်း ကြောပေါ်ရှိ လုံးခင်းနှင့် လယ်ပြင် ဆက်သွယ်ထားသော တံတား မှ ပြည်သူများကို ဖြတ်သန်းသွား လာ ခွင့်မပေးဘဲ ပိတ်ထားခဲ့ကြောင်း သိရသည်။

“ဗျူဟာကုန်းကို ဧပြီ ၇ ရက်နေ့ညနေပိုင်းလောက်ကတည်းက လုံးခင်း ယမ်းချက်ကနေ လမ်းကြောတလျှောက်ကင်းတွေချပြီး အင်အားဖြည့်ဝင်လာပြီးနောက်မှာ ဒေသခံတွေက စစ်ရေး ပိုဆိုးလာမှာကို စိုးရိမ်ကြတာရှိတယ်။ ဒါ ကြောင့် အချို့တော့ စစ်ဘေးရှောင်နေကြတာရှိပါတယ်” ဟု ဖားကန့်သတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းအပြင် ဖားကန့်ဒေသတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ချိန် စစ်တပ်ကလေ ကြောင်း မှ ဗုံးကျဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် မော်မောင်းဘုမ် (Maw Mau Bum) ကျေးရွာသားများမှာလည်း ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ရန်အတွက် မြစ်ကြီးနားမြို့သို့ ဆင်းလာကြကြောင်း သိရှိရသည်။

လက်ရှိ ဖားကန့်ဒေသ၏ အခြေအနေမှာ တိုက်ပွဲများကြောင့် ပြည်သူများ၏ လုံခြုံရေးမှာ အလွန်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရှိရသည်။

ဧပြီလ ၄ ရက်နေ့ နှင့်ဧပြီ ၃ ရက်နေ့တို့တွင် ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာ ကုန်းကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သော ကြောင့် စစ်တပ်ဘက်မှ ထိခိုက်မှုရှိခဲ့ ပြီး လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖားကန့်မြို့ မှော်ဝမ်း အနီးရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်များက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် မှော်ဝမ်း သင်းချိုင်းအနီးရှိ ကာကင်းစခန်း ၃ ခုကို KIA ပူးပေါင်း တပ်က သိမ်းပိုက်ခဲ့သည်။

ဓာတ်ပုံ- CJ ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article