30 C
Yangon

သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေး Blue Shirt Campaign ၁၂ ရက်တာ လှုပ်ရှားမှု စတင်

Must read

ရန်ကုန်၊ ဧပြီ ၁၀

မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် “Blue Shirt Campaign” လူထုလှုပ်ရှားမှုကို ယနေ့ ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ၁၂ ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုကို Blue Shirt Campaign လူထုလှုပ်ရှားမှုကော်မတီနှင့်အတူ တော် လှန်ရေးအင်အားစုပေါင်းစုံက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားများအတွက် အမြဲတစေ တိုက်ပွဲဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ် လွန်ခြင်း ၁၂ နှစ်ပြည့်မြောက်မည့် ဧပြီလ ၂၁ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။

လူထုလှုပ်ရှားမှုကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ မရောင်နီလင်းက ပြည်သူများအနေဖြင့် အပြာရောင်အင်္ကျီ (သို့မဟုတ်) အပြာရောင်သဘောတရားပါသော အဝတ်အစားများကို ဝတ်ဆင်ကာ ပါဝင်နိုင်ကြောင်း ပြောကြားသည်။

မိမိတို့၏ ညာဘက်လက်ဖဝါးပေါ်တွင် “Free All Political Prisoners” စာသား (သို့မဟုတ်) မိမိတို့ လွတ်မြောက်စေချင်သည့် နိုင်ငံရေးအကျဉ်းသား၏ နာမည်ကို ရေးသား၍ ဓာတ်ပုံ၊ ဗီဒီယိုများရိုက်ကူးကာ လူမှုကွန်ရက်ပေါ်တွင် မျှဝေခြင်းဖြင့် ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်။ နယ်မြေအခြေအနေအရ လုံခြုံရေးစိုးရိမ်ရသူများအနေဖြင့် မျက်နှာကို ကွယ် ၍လည်း ပါဝင်နိုင်ကြောင်း သိရသည်။

“ကမ်ပိန်းက ဒီနေ့ ဧပြီလ ၁၀ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်နေ့အထိ ၁၂ ရက်တာလှုပ်ရှားမှုကမ်ပိန်း လေးဖြစ်ပါတယ်။ ပြည်သူထုအနေနဲ့ ဘယ်လိုပူးပေါင်းပါဝင်ရမလည်းဆိုရင် ထောင် ဝတ်စုံ အင်္ကျီအ ပြာ ရှိရင်ရှိ၊ မရှိဘူးဆိုရင်လည်း တီရှပ်အပြာရောင် သို့မဟုတ် အပြာရောင် သဘောတရားပါတဲ့ အ ဝတ်အစားမျိုးနဲ့ပါဝင်နိုင်ပါတယ်။ တကယ်လို့ အပြာရောင်အင်္ကျီလည်းမရှိဘူးဆိုရင်ရှိတဲ့ အင်္ကျီနဲ့ လည်းပါဝင်ပေးလို့ရပါတယ်။ တတ်နိုင်သမျှ အပြာရောင်အင်္ကျီကိုဝတ်ဆင်ကာ ညာဘက်လက်ပေါ်မှာ မိမိလွတ်မြောက်ချင်တဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူရဲ့နာမည်ပဲဖြစ်စေ၊ အားလုံးကိုလွတ် မြောက်စေချင်တဲ့ Free All Political Prisoners ကို ရေးသားပြီးတော့ပဲဖြစ်စေ၊ ဓာတ်ပုံရိုက်ပြီးတော့ ပါဝင်လို့ရပါတယ်” ဟု လူထုလှုပ်ရှားမှုကော်မတီ၏ ပြောရေး ဆိုခွင့်ရှိသူ မရောင်နီလင်းက ရှင်းပြသည်။

အဆိုပါလူထုလှုပ်ရှားမှုတွင် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ Generation Wave နှင့် မြေပြင်သပိတ်ကော်မတီများအပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်း ၃၀ ကျော်က ပူးပေါင်းပါဝင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article