30 C
Yangon

ဖားကန့်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်သင်္ကြန် သံချပ်ထိုးခြင်း ပြုလုပ်

Must read

ရန်ကုန်၊ ဧပြီ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဒေသပြည်သူများနှင့် ဖားကန့်မှော်လှည့် သပိတ်အင်အားစုတို့ ဦးဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်သင်္ကြန်သံချပ်ထိုးခြင်း ၆ နှစ်မြောက် အဖြစ် ယနေ့ ဧပြီလ ၁၁ ရက်နေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တော်လှန်သင်္ကြန်သံချပ်အဖွဲ့က “သွေးစည်းကြမလေ ညီနောင်တွေ ဖက်ဒရယ် ပြည်သစ် အတူတည်ဆောက်ကြစို့” ၊ “လေယဉ်ဗုံးကျဲ အမိန့်ပေးသူ လူသတ်ကောင်က သမ္မတတဲ့လား” ၊ “ဘုန်းကြီးကျောင်းကို ဗုံးကျဲနေတာ မဘသ တွေအသံမထွက်ကြဘူး” စသည့်စာသားများကိုင်ဆောင်ကာ ပြည်တွင်းပြည်ပက ပြည်သူများ အားလုံး စစ်ရာဇဝတ်ကောင် အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းအုပ်စုကို တော်လှန်ဆန့်ကျင်ကြရန် ၊ ပြည်သူလူထုအားလုံး နှင့် တော်လှန်ရေးအဖွဲ့ အစည်းအားလုံး အတူတကွ စုစုစည်းစည်းညီညီညွတ်ညွတ်ဖြင့် စစ်အာဏာရှင် အမြစ်ဖြတ်သည်အထိ တိုက်ပွဲဝင်ကြရန် သင်္ကြန်သံချပ်များဖြင့် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article