30 C
Yangon

ဘီးလင်းတွင် မင်းအောင်လှိုင် တပ်ရင်းမှူးဖြစ်ခဲ့စဉ်က စခန်းထိုင်ခဲ့သော လေးကေစခန်းကို တော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်၊ တပ်ရင်းမှူးနှင့်ရဲဘော် ၁ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဧပြီ ၁၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ KNU တပ်မဟာ ၁ နယ်မြေတွင် အကြမ်းဖက် မင်းအောင် လှိုင် တပ်ရင်းမှူးဖြစ်ခဲ့စဉ်က စခန်းထိုင်ခဲ့သော လေးကေစခန်းကို တော်လှန်ရေး တပ်ပေါင်းစု ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KNU သတင်းရင်းမြစ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ်အတွင်းရှိ စစ်တပ်၏ အချက်အချာကျစခန်းကုန်း ဖြစ်သော လေးကေစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ ဒုတိယတပ်ရင်းမှူးနှင့် ရဲဘော် ၁ ဦးကို အရှင်ဖမ်းဆီးရရှိထားကြောင်း၊ လက်နက်ခဲယမ်းအများပြားလည်း သိမ်းဆည်းရရှိထားကြောင်း သိရှိရသည်။

“ဘဘကြီးသမ္မတဖြစ်တာကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျနော်တို့ ပြည်သူကာကွယ်ရေးတပ်မ တော်သားများက ဘဘကြီး သူခိုး၊ဓါးပြ၊အဖြစ်နဲ့ကျင်လည်ခဲ့ရာ စခန်းလေးတစ်ခုကိုသိမ်း ယူတော်မူလိုက်ပြီးဖြစ်ကြောင်းသတင်းကောင်းပါလိုက်ပါတယ်ခင်ဗျာ” ဟု ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ-၃၇ – အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန် သည်။

အဆိုပါ လေးကေစခန်းတွင် စစ်တပ်ဘက်မှ အင်အား ရာချီ တပ်စွဲ၍ မည်သည့်အခါမှ မကျနိုင်စေရန် အစီအရင်များဖြင့် လုပ်ဆောင်ထားကြောင်း၊ မင်းအောင်လှိုင် တပ်ရင်းမှူးရာထူး ထမ်းဆောင်ခဲ့စဉ်က တာဝန်ထမ်းဆောင်ခဲ့သော စခန်းဖြစ်ကြောင်း၊ ဧပြီလ ၇ ရက်နေ့တွင် တော်လှန်ရေးတပ်များက KNLA ၏ ဦးဆောင်မှုနှင့်အတူ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၅ ရက်အကြာတွင် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲဒီစခန်းက မအလ(မင်းအောင်လှိုင်) တပ်ရင်းမှူးဘဝ က တာဝန်ကျခဲ့တဲ့ စခန်းပါ။ အသေး စိတ်ကို သက်ဆိုင်ရာ မကြာခင်မှာ သတင်းထုတ်ပြန်မှာပါ” ဟု ပြည်သူ့ကာကွယ် ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ၊ နည်းဗျူဟာ – ၃၇ ၊ KNLA တပ်ဖွဲ့များ နှင့်အတူ နည်းဗျူဟာမှူးစထွန်းဇော်ဦးစီး၍ နဂါးဖြူတပ်ရင်း ၊ Rangoon Warriors တပ်ရင်း ၊ SOF တပ်ရင်း ၊ BPLA ၊ ပူးပေါင်းတပ်ဖွဲ့တို့က ပါဝင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article