30 C
Yangon

တောင်ကိုရီးယားရောက် မြန်မာများ စုပေါင်း၍ မြန်မာပြည်တွင်း လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေးအတွက် ရန်ပုံငွေရှာဖွေသည့် ၂၀၂၆ မြန်မာသင်္ကြန်ပွဲတော် ကျင်းပ

Must read

ရန်ကုန်၊ ဧပြီ ၁၂

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့ရှိ ဘွန်းဆူပန်းခြံ (Bunsu Park) တွင် ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက် (တနင်္ဂနွေနေ့) ၌ “လူသားချင်းစာနာမှု ကူညီရေး ရန်ပုံငွေ ၂၀၂၆ မြန်မာသင်္ကြန်” ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲတော်ကို ကိုရီးယားနိုင်ငံရောက် မြန်မာမိသားစုများနှင့် အဖွဲ့အစည်းများ စုပေါင်း ၍ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ရှိမြန်မာပြည်တွင်း၌ အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည့် ပြည်သူများကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ကူညီနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်သည်။

ပွဲတော်တွင် ရန်ပုံငွေလက်မှတ်များကို ကိုရီးယားဝမ် ၃၀,၀၀၀ ဖြင့် ရောင်းချပေးလျက်ရှိပြီး၊ ယင်းလက်မှတ်တွင် ပွဲဝင်လက်ပတ်၊ စတုဒိသာ အစားအစာတစ်မျိုးနှင့် ကံစမ်းမဲတစ်စောင်စီ ပါဝင်သည်။

ကံစမ်းမဲအစီအစဉ်တွင် ရရှိမည့် ဆုလက်ဆောင်များမှာ မြန်မာ့နွေဦးတော်လှန်ရေးနှင့် သက် ဆိုင်သည့် အမှတ်တရပစ္စည်းများဖြစ်သဖြင့် တက်ရောက်လာသူများအကြား အထူးစိတ်ဝင်စားမှု ရရှိခဲ့သည်။

ထို့အပြင် ပွဲတော်အမှတ်တရ တီရှပ်များကိုလည်း ရန်ပုံငွေအဖြစ် ရောင်းချပေးနေသည့်အပြင်၊ မြန်မာ့ရိုးရာ အစားအသောက်များကိုလည်း စုပေါင်းလှူဒါန်းကျွေးမွေးလျက်ရှိရာ ကိုရီးယားရောက် မြန်မာများ၏ စည်းလုံးညီညွတ်မှုကို ပေါ်လွင်စေသည်။

ယခုပွဲတော်မှ ရရှိလာသည့် အကျိုးအမြတ်နှင့် ရန်ပုံငွေများအားလုံးကို မြန်မာပြည်တွင်းရှိ စစ်ဘေးရှောင်ပြည်သူများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်လိုအပ်ချက်များအတွက် ခိုင်မာသော လမ်းကြောင်းများမှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တောင်ကိုရီးယားရောက် မြန်မာလူထု၏ ညီညွတ်မှုနှင့် လူသားချင်းစာနာစိတ်ကို ဖော်ပြနေသည့် ဤလှုပ်ရှားမှုကို စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး ကော်မတီ နှင့် MFDMC တို့က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article