30 C
Yangon

မင်းတပ်မြို့ပေါ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် အများအပြား ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၁၂

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးနှင့် မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်း တိတုက်ခိုက်မှု ၈ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုလေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀ ကျော်နှင့် အိမ်စီးကား ၄ စီး ပျက်စီးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင်လည်း ဒဏ်ရာပြင်းထန်သူများ ပါဝင်ကြောင်း သိရှိရသည်။

“သေဆုံးတာ ပြည်သူ ၁ ဦးရှိတယ်။ ဒဏ်ရာရတဲ့ သူတွေလည်းရှိပါတယ်။ ၈ ကြိမ်လောက် ဆက်တိုက် ၁၀ မိနစ်ဝန်းကျင်အတွင်းကို ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်တာ အဆောက်အဦး ပျက်စီးတာ များတယ်။ ဒဏ်ရာရ အရေအတွက်က ၁၀ ဦး ဝန်းကျင်လောက်ရှိပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ပြောဆိုသည်။

အလားတူ မတ်လ ၃၁ ရက်နေ့ကလည်း မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ရှိ ကျေးလက်ရုံးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် အဆောက်အဦများ ပျက်စီးကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo credit – Ĥkl Mindat

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article