33 C
Yangon

KNU တပ်မဟာ ၅ ထံ စစ်ကောင်စီ စစ်သား ၂ ဦး လက်နက် ၃ လက်နှင့်တကွ အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၂၀

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေတွင် ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်သား ၂ ဦးသည် လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

တပ်သား ၁ ဦးမှာ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (လွိုင်ကော်) လက်အောက်ခံ ခလရ ၅၄ တပ်ရင်းမှ ဖြစ်ပြီး လက်နက် ၂ လက်နှင့်တကွ ဇူလိုင်လ ၁၀ ရက်နေ့၌ KNU ထံ အလင်းဝင်လာကြောင်း သိရှိရသည်။

အခြား တပ်သား ၁ ဦးမှာ ဖာပွန်အခြေစိုက် ခမရ ၃၄၁ တပ်ရင်းမှ ဖြစ်ပြီး ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ်ရှိ နတ်တောင် စစ်ကောင်စီခြေကုပ်စခန်းတွင် တာဝန်ကျကာ ဇူလိုင်လ ၆ ရက်နေ့တွင် လက်နက်နှင့် ထွက်ပြေးလာကာ KNU ထံ အလင်းဝင်လာသူဖြစ်ကြောင်း သိရှိရသည်။

အလင်းဝင်လာသည့် အဆိုပါ စစ်သား ၂ ဦးနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို KNU မူတြော်သတင်းစဉ်က ကရင်ဘာသာဖြင့် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article