31 C
Yangon

တနိုင်းမြို့နယ်၊ ဟူးကောင်းဒေသရှိ ဝါရာဇွပ်ပြည်သူ့စစ်စခန်း ၂ ခု KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများရရှိဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၁၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဟူးကောင်းဒေသရှိ ဝါရာဇွပ်ပြည်သူ့စစ်စခန်း ၂ ခု KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း ရရှိထားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တနိုင်းမြို့နယ်၊ ဟူးကောင်းဒေသရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ဝါရာဇွပ် ပြည်သူ့စစ်စခန်းများကို KIA ပူးပေါင်း တပ်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အွယ်လောနှင့် ခလမ်ကောင့် စခန်းနေရာ ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုစခန်းသိမ်း တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုရှိပြီး KIA ပူးပေါင်း တပ်များက နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

“တနိုင်းဘက်မှာ စခန်းသိမ်းတာက စစ်ခွေးတွေဘက်က ၁၅ ဦးလောက်သေတယ်။ လက်နက်ခဲယမ်းတွေလည်း တော်တော်ရတယ်။ သူတို့ စစ်ခွေးတွေ တော်တော် အထိနာသွားတာ။ ကင်းစခန်း ၂ ခုကို သိမ်းမိထားတယ်။” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် တနိုင်းမြို့နယ်တွင် စစ်တပ်နှင့် KIA တပ်များအကြား ဆက်လက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ အချိန်မရွေး ပြန်လည် ဖြစ်ပွားနိုင်ကြောင်း ဒေသသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article