31 C
Yangon

ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် မြောက်ဦး-ကျောက်တော်အစပ်တို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အနီးဝန်းကျင်နှင့် မြောက်ဦး-ကျောက်တော်မြို့နယ်အစပ်တို့ကို အကြမ်းဖက် စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီနေသော ရခိုင်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်အချိန် အကြမ်းဖက် စစ်တပ်က လေယာဉ်များဖြင့် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အစပ်ရှိ ကျောက်ဆည်ပြင်ရွာအနီးကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ပုဏ္ဏားကျွန်းမြို့အနီရှိ ဓါတ်အားခဲစက်ရုံနဲ့ နယ်စက်​ဒေသဖွံ့ဖြိုး​ရေး​​ကျောင်းများကို အကြမ်းဖက် စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှုများရှိကြောင်း သိရသည်။

“​နံနက် ၁၀နာရီ ဝန်းကျင်က မြောက်ဦးမြို့နယ်နဲ့ ​ကျောက်​​တော်မြို့နယ်ကြားက ​ကျောက်ဆည်ပြင်ရွာအနီးအနားကို ပစ်တာရှိတယ်။ ပုဏ္ဏားကျွန်းမြို့​အနီးက ဓါတ်အားစက်ရုံနဲ့ နတလ ​ကျောင်း​တွေကို ပစ်သွားတယ်။ လူမ​​နေတဲ့ ​နေရာ​တွေပါ။ လူအထိခိုက် ရှိ၊ မရှိ​တော့ မသိရ​သေးဘူး။ ပုဏ္ဏားကျွန်းမြို့က လူ​တွေက စစ်​ရှောင်​နေကြတဲ့အတွက် လူ​တွေ သိပ်မရှိဘူး” ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

​မြောက်ဦးမြို့နယ်၊ ​ကျောက်ဆည်ပြင်(မြို)ရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဘုန်းကြီး​ကျောင်းမီးလောင်ကျွမ်းသွားကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်သို့ စစ်တပ်က လေကြောင်းမှ ဗုံး ၆လုံးနှင့် ​​​​မြောက်ဦးမြို့နယ်ကို ဗုံး ၂ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- Wai Hun Aung နှင့် One Nation News။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article