31 C
Yangon

စစ်တပ်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၂၈၈ ဦးသာ ပြန်လည် လွတ်မြောက်လာ

Must read

ရန်ကုန်၊ ဧပြီ ၁၉

အကြမ်းဖက်စစ်တပ်၏ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းချမ်း သာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၂၈၈ ဦးသာ ပြန်လည် လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အ ကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။

စစ်တပ်က အကျဉ်းထောင်များရှိ အကျဉ်းသားပေါင်း ၄၀၀၀ ထောင်ကျော်လွှတ်ပေးမည်ဟု ကြေညာ ထားသော်လည်း အမှန်တကယ်လွှတ်ပေးသည့် ဦးရေမှာ ၁၆၀၀ ဝန်းကျင်သာရှိပြီး နိုင်ငံတကာနှင့် ပြည်သူသူလူထုကို ကိန်းဂဏန်းများဖြင့် လှည့်ဖျားနေကြောင်း၊ စစ်တပ်က အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားပေါင်း ၄,၃၃၅ ဦး လွှတ်ပေးမည်ဟု ကြေ ညာခဲ့သော်လည်း လက်တွေ့တွင်မူ ၁,၆၉၁ ဦးသာ အမှန်တကယ် လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသား (နိုင်/ကျဉ်း) အရေအတွက်မှာ ၂၈၈ ဦးသာ ပါရှိကြောင်း သိရသည်။

“စစ်တပ်ကတော့ လွတ်ငြိမ်းတွေပေးတိုင်းမှာ ကြေညာတဲ့အရေအတွက်နဲ့ လက်တွေ့လွတ်တဲ့ အရေ အတွက်က အမြဲတမ်းနည်းနေတာဖြစ်ပါတယ်။ ဒါဟာ တကယ်ကို စနစ်တကျနဲ့ နိုင်ငံတကာကိုရော ပြည်သူလူထုကိုရော လှည့်စားဖို့ ရည်ရွယ်တာဖြစ်လို့ ပြောချင်ပါတယ်။ ပိုဆိုးတာက ဒီနှစ်ဆန်းတစ် ရက်နေ့မှာ တရားဝင်ကြေညာတဲ့အရေအတွက်က ၄၀၀၀ ကျော်ဆိုတာ တစ်နိုင်ငံလုံးမှာ အကျဉ်း ထောင် ၄၀ ကျော်ရှိတာဖြစ်တယ်။ ဗဟိုထောင်တွေမှာ ၅၀၀ နဲ့ ၁၀၀၀ ကြားမှာလွတ်နိုင်ခြေရှိတယ်၊ ကျန်တဲ့ထောင်တွေက ၁၀၀ ဝန်းကျင်ပဲ လွတ်တာပေါ့။ ဒီထဲမှာမှ နိုင်ငံရေးအကျဉ်းသား ပါဝင်မှုက ၂၀၀ ကျော်ပဲရှိတယ်။ ဒီအခြေအနေက မင်းအောင်လှိုင်ကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သတ္တိမရှိတာရယ်။ လွှတ်လိုက်ရင် ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေကို မျှော် လင့် တာမို့ မလွှတ်ပေးတာ လို့နားလည်ပါတယ်။” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအ ကျဉ်းသားများ ကွန်ရက် (PPNM) က ကိုသိုက် ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

စစ်တပ်၏ လွတ်ငြိမ်းချမ်းသာခွင့်သည် စစ်မှန်သော လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ နိုင်ငံတကာနှင့် ပြည်သူလူထုကို ကိန်းဂဏန်းများဖြင့် မျက်လှည့်ပြ လှည့်ဖြားနေခြင်းသာဖြစ်ပြီး နိုင်ငံတကာအသိုက် အဝန်းအနေဖြင့် အာဏာသိမ်းစစ်တပ်နှင့် စစ်တပ်စီစဉ်သော အတုအယောင်ရွေးကောက်ပွဲမှတဆင့်ထွက်ပေါ်လာ သည့် အတုအယောင်အစိုးရ အပေါ် ထိထိရောက်ရောက် ဖိအားပေး အရေးယူပေးရန် တောင်းဆို ထားသည်။

စစ်တပ်၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်မှာ ဧပြီလ ၁၇ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article