30 C
Yangon

နတ်မောက်မြို့အဝင် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၅

မကွေးတိုင်း၊ နတ်မောက်-မြို့သစ် လမ်းပိုင်းရှိ နတ်မောက်မြို့အဝင် အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် နတ်မောက်-မြို့သစ် လမ်းပိုင်းရှိ နတ်မောက်မြို့အဝင် အကြမ်းဖက်စစ်တပ် တောင်ဘက်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကာ ၃ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ဘန်ကာ ၁ ခု၊ ကင်းမျှော်စင်ဘန်ကာ ၁ ခုနှင့် ဘန်ကာအသေး ၁ ခုတို့ကို ချေမှုန်းနိုင်ခဲ့ပြီး လက်ကျန်ဘန်ကာ ၁ ခုကို အပြီးသတ်တိုက်ခိုက်စဥ် နတ်မောက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က ၁၂၀ မမ ၊ ၆၀ မမ လက်နက်ကြီးများ ပစ်ကူပေး၍ ဒရုန်း ၂ စီးဖြင့်ပြန်လည်ခုခံ တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“နတ်မောက်-မြို့သစ် လမ်းပိုင်းပေါ်ရှိ နတ်မောက်မြို့အဝင် စကမတောင်ဘက်ဂိတ်မှာ စစ်ခွေး အင်အားက ကျွန်တော်တို့ မစ်ရှင်ဆောင်ရွက်ချိန်မှာတော့ ၉ယောက်ရှိတယ်။ စ်ခွေးသေဆုံးတာ နေရာတွင် ပွဲချင်းပြီသေဆုံးခဲ့တာပါ။ စစ်ခွေးဘက်သေဆုံးတာက ထပ်တိုးသေဆုံးတာမျိုးကို ကျွန်တော် ဆက်လက်စုံစမ်းဆဲနေပါ။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးမရှိပါဘူး” ဟု ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ မှတာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ( ၃ )ငါးပြေမတပ်ရင်း ၊ Aung San’s Land – NatMauk နှင့် နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ )တို့မှ ​ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ၊ တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article