31 C
Yangon

Edited Version- အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပြန်လည် ဖွင့်လှစ်ရန် သဘောတူထားသော်လည်း ယနေ့အထိ ဖွင့်လှစ်ခြင်း၊ ဖြတ်သန်းခွင့်နှင့် ကုန်သွယ်ရေးများ မစတင်နိုင်သေး

Must read

ရန်ကုန်၊ ဧပြီ ၂၈

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ၉ လနီးပါးကြာပိတ်သိမ်းထားသော အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို နှစ်နိုင်ငံ ပြန်လည် ဖွင့်လှစ်ရန် သဘော တူညီထားသော်လည်း ယနေ့အချိန်အထိ ဖွင့်လှစ်ခြင်း၊ ဖြတ်သန်းခွင့်နှင့်ကုန် သွယ်ရေးများ မစတင်နိုင်သေးကြောင်း မြ၀တီမြို့အခြေစိုက် နယ်စပ်ကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တံတားကို ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်က တစ်ဖက် သတ်ပိတ်ထားခဲ့ပြီးနောက် ပြန်လည် ဖွင့်လှစ်ရန် နှစ်နိုင်ငံအကြား သဘောတူညီထားပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ဖွင့်လှစ်ခြင်းမရှိသေးဘဲ ဖြတ်သန်းခွင့်၊ ကုန်သွယ်ရေးများ မစနိုင်သေးကြောင်း သိရှိရသည်။

“ဒီမနက် အမှတ် ၂ တံတား ပြန်ဖွင့်ပြီဆိုပြီး သတင်းတွေတက်တယ်။ ဒါပေမယ့် မြ၀တီဘက်အခြမ်းမှာတော့ ဘာမှ သိပ်ပြီး လှုပ်လှုပ်ရှားရှားမရှိဘူး။ ကုန် ကားတွေတော့ ဖြတ်သန်းခွင့်မရသေးဘူး။ သွင်းကုန်တွေတော့ သွင်းခွင့်မပေးသေးဘူး။ ဒီဘက်က ပို့ကုန်တွေကိုတော့ လိုင်စင်လျှောက်ထားဖို့ ခေါ်ပြီး အသိပေးတာရှိတယ်။ သွင်းကုန်ကတော့ သွင်းခွင့်ရဖို့ကတော့ အခုထိကို ဘာမှ ရေရေရာရာ မသိရသေးဘူး” ဟု မြ၀တီမြို့မှ နယ်စပ်ကုန်သည်ကြီးတစ်ဦးက ရှင်းပြသည်။

၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့မှစတင်ပြီး ကုန်စည်ကားများ အဓိက ဖြတ် သန်းရာ ထိုင်း-မြန်မာ အမှတ် ၂ ချစ် ကြည်ရေးတံတားကို မြန်မာစစ်တပ်က အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ပုံအဟောင်းများကို အသုံးပြုထားပါသည်။

(သတင်းကို မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် ပြန်လည် ပြင်ဆင်ထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article