21 C
Yangon

ဆားလင်းကြီးမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး ၊ လက်နက် ၂ လက် ရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်း လက်ဖက်ရည်ဆိုင် ထိုင်နေသော ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၂ ရက်နေ့ ဆားလင်းကြီးမြို့ပေါ်၊ စည်ပင်စျေးအနီး လက်ဖက်ရည်ဆိုင်တွင် ရဲ ၄ ဦး လက်ဖက်ရည်သောက် နေကြစဉ် PDF များက ကားဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲ ၄ ဦးသေဆုံးသွားပြီး လက်နက် ၂ လက်လည်း ရရှိကြောင်း၊ ထို့ပြင် တပ်စွဲထားသော ဆားလင်းကြီးမြို့ပေါ် မီးသတ်ရုံးကိုလည်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရဲ ၄ ဦး ပစ်သတ်ခံရတာမှန်ပါတယ်။ လက်နက် ၂ လက်လည်းရရှိပါတယ်။ နောက် ပြီး ကားနဲ့ တပ်စွဲထားတဲ့ မီးသတ်ရုံးကိုလည်းထဲဝင်ပစ်တယ်။ အသေးစိတ် မသိရသေးဘူး။ ချိတ်ဆက်ပြီး မေးနေတုန်းပဲ” ဟု PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။

ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း လက်ဖက်ရည်ဆိုင် ထိုင်နေသော ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားသော သတင်းကို အတည်ပြုသည်။

ဆားလင်းကြီးဒေသခံတချို့ကမူ လက်ရှိတွင် မြို့ပေါ်ကို စစ်တပ်နှင့်ရဲက ပိတ်ဆို့ထားကြောင်း၊ ပစ်ခတ်သူများကို မြို့တွင်းမှ မထွက်ခွာနိုင်စေရန် သဘောမျိုးဖြင့် ပိတ်ဆို့ စစ်ဆေးနေခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

ဓာတ်ပုံ- အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- Getty Image ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article