23 C
Yangon

နယ်သာလန် ICJ တရား ရုံးရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ် ကိုကိုလှိုင်ကို ပြည်ပရောက် မြန်မာများ ဆန္ဒပြ

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

နယ်သာလန်နိုင်ငံရှိ ICJ တရား ရုံးရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ် ကိုကိုလှိုင်ကို ပြည်ပရောက် မြန်မာများက ယနေ့ ဆန္ဒပြ ကြသည်။

ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJတွင် ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု နှင့်ပတ်သက်ပြီး တရားစွဲထားမှုတွင် ဂမ်ဘီယာအနေဖြင့် မြန်မာနိုင်ငံကို တရားစွဲဆိုခွင့်မရှိဟု မြန်မာနိုင်ငံဘက်က ကန့် ကွက်ထားမှုအပေါ် ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် ICJ တရားရုံးက အပြီးသတ်ဆုံးဖြတ်ချက် ရန် ကြားနေပြီဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက် ချမှုကို ဇူလိုင်လ ၂၂ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း၊ အများပြည်သူများအနေဖြင့် UN Web TV ၊ ICJ Website အပါအဝင် တိုက်ရိုက် ထုတ်လွှင့်မှုလျက်ှရိသည်။

ICJ တွင် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တရားရင်ဆိုင် ဖြေရှင်းခဲ့ပြီး အကြမ်းဖက် မင်းအောင်လှိုင် လက်ထက်တွင်မူ မင်းအောင်လှိုင် ခန့်အပ်ထားသော အကြမ်းဖက် ကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့က ရင်ဆိုင်လျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article