26.6 C
Yangon

မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ချန်ပီယံ Joshua Van က စိန်ခေါ်သူ ဂျပန်ဖိုက်တာကို အနိုင်ထိုးပြီး UFC ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ် အနိုင်ရ

Must read

ရန်ကုန်၊ ​မေ ၁၀

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည့် အမေရိကန်နိုင်ငံသား မြန်မာ့ကျားသစ် ဂျိုရှုအာဗန် (Joshua Van) သည် ယနေ့ကျင်းပသည့် UFC Flyweight ချန်ပီယံခါးပတ် ကာကွယ်ပွဲတွင် ဂျပန်နိုင်ငံသား စိန်ခေါ်သူ တက်ဆူရို တိုင်ရာ (Tatsuro Taira) ကို အပြတ်အသတ် အနိုင်ယူပြီး ၎င်း၏ ချန်ပီယံဘွဲ့ကို ပထမဆုံးအကြိမ် အောင် မြင်စွာ ကာကွယ်နိုင်ခဲ့ပြီ ဖြစ်သည်။

ယနေ့ပြုလုပ်သည့် ပွဲစဉ်သည် UFC သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာရှသားဖိုက်တာ နှစ်ဦး ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်ရသည့် သမိုင်းဝင်ပွဲစဉ်တစ်ခု ဖြစ်သည်။

စိန်ခေါ်သူ ဂျပန်ဖိုက်တာ တိုင်ရာသည် နိုင်ပွဲအများစု စံချိန်ဖြင့် ဗန်၏ချန်ပီယံခါးပတ်ကို လာရောက်စိန်ခေါ်ခဲ့ခြင်း ဖြစ်သော်လည်း ချန်ပီယံ ဂျိုရှုအာဗန်၏ ပြင်းထန်သော လက်သီးချက်များနှင့် နည်းစနစ်ကျသော တိုက်ကွက်များကို မယှဉ်နိုင်ဘဲ အရှုံးပေးခဲ့ရသည်။

ဂျိုရှုအာဗန်နှင့် တိုင်ရာတို့၏ ချန်ပီယံလုပွဲမှာ အလွန်အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၅ ချီမြောက် (၃ မိနစ် ၂၈ စက္ကန့်) အရောက်တွင် ဗန်က ပြိုင်ဘက်ဂျပန်ဖိုက်တာကို အလဲထိုး (Knockout) ဖြင့် အပြတ်အသတ် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ် သည်။

ဂျိုရှုအာဗန်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကမ္ဘာ့ထိပ်သီး အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) ကို အနိုင်ယူကာ ချန်ပီယံ ဖြစ်လာခဲ့သူဖြစ်သည်။

ယခု ပထမဆုံးအကြိမ် ခါးပတ်ကာကွယ်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် ဗန်သည် Flyweight ဝိတ်တန်းတွင် ကမ္ဘာ့အဆင့် အားအကောင်းဆုံး ချန်ပီယံဖြစ် ကြောင်း ထပ်မံသက်သေပြလိုက်ခြင်းလည်း ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article