33 C
Yangon

တိုင်းပြည်အတွက် အသက်ပေးခဲ့သူ အာဇာနည်တို့ အတွက် မင်းအောင်လှိုင်၊ စိုးဝင်း၊ စစ်ခေါင်းဆောင်များနှင့် အကြမ်းဖက်စစ်တပ်ကို မဖြစ်မနေ အမြစ်ဖြတ် ချေမှုန်း သေဒဏ်စီရင်ရမည်

Must read

အယ်ဒီတာ့အာဘော်

============

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်နေ့တွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ကြေညာသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို ဇူလိုင်လ ၂၂ ရက်နေ့တွင် မိသားစုဝင်များနှင့် ပေးတွေ့ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း သေဒဏ်စီရင်ခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းထောင်သတင်းရပ်ကွက်များက ပြောဆိုကြသည်။ စီရင်သည့်နေ့၊ စီရင်သည့် နည်းလမ်းများကို အကြမ်းဖက်စစ်တပ်က အသေးစိတ်ထုတ်ဖော်ခြင်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်က တရားမဝင် အာဏာသိမ်း၍ လူသတ်ပြခြင်းဖြစ်သည်။ ထိုသို့ လူသတ်ပြခြင်းသည် တော်လှန်ရေး ပါဝင်နေကြသည့် ပြည်သူများကို ကြောက်ရွံ့စေရန် စံပြလုပ်ဆောင်ပြခြင်း လည်းဖြစ်သည်။

သို့သော် မင်းအောင်လှိုင်၊ စစ်ကောင်စီနှင့် အကြမ်းဖက် စစ်ခေါင်းဆောင်များ နားမလည်သည်က တော်လှန်ရေး သည် ကြောက်သည့်အဆင့်ထက်ကျော်လွန်၍ သွားနေသည်ကို နားမလည်တော့ခြင်းပင်ဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီက ပြည်နယ်နှင့်တိုင်း ကျေးရွာများတွင် ပုံစံမျိုးစုံဖြင့် နေ့စဉ် ပြည်သူများကို သတ်ဖြတ်ပြနေသည်။

ပြည်သူလူထုရင်ထဲတွင် အကြမ်းဖက်စစ်တပ်၏ ရက်စက်ယုတ်မာမှု ၊ ဖက်ဆစ်စစ်တပ်၏ လူမဆန်သော သတ်ဖြတ်မှုများကြောင့် ကြောက်ရွံ့မသွားဘဲ နာကြဉ်းမုန်းတီးခဲ့ကြပြီးဖြစ်သည်။ မည်မျှပင် စစ်တပ်က ယုတ်မာစွာဖြင့် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်စေကာမူ မကြောက်ရွံ့တော့ဘဲ အဆုံးတိုင် တော်လှန် အမြစ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြပြီးဖြစ်သည်။

လက်ရှိတွင် စစ်တပ်က အဆုံးတိုင် ယုတ်မာမှုအဖြစ် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် တော်လှန်ရေး ခေါင်းဆောင် ၄ ဦးကို သတ်ဖြတ်လိုက်ခြင်းသည် ပြည်သူလူထုကို ထပ်မံ စိန်ခေါ်ခြင်းပင်ဖြစ်သည်။ ပြည်သူများကို သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီသည် နောက်ဆုံးလမ်းကို ရွေးချယ်လိုက်ခြင်းလည်းဖြစ်သည်။

စစ်ကောင်စီက ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော သတ်ဖြတ်ယုတ်မာမှု သွေးကြွေးများစွာ မင်းအောင်လှိုင်၊ စိုးဝင်း နှင့်စစ်ခေါင်းဆောင်များကို ပြည်သူ့တရားရုံးရှေ့မှောက်တွင် သေဒဏ်ပေးစီရင်ရမည်ဖြစ်သာဖြစ်သည်။

တစ်နည်းအားဖြင့် အကြမ်းဖက် လူသတ်စစ်ကောင်စီမှ စစ်ခေါင်းဆောင်များနှင့် မိသားစုများ ပြန်လည် ပေးဆပ်ရမည့် သွေးကြွေးမှာ ၎င်းတို့နှင့်၎င်းတို့၏မိသားစုများကို ပြည်သူ့တရားရုံးရှေ့တွင် သေဒဏ်စီရင်သာဖြစ်သည်။

သွေးကြွေးသည် ဆွေးနွေးစရာ အကြောင်းမရှိသကဲ့သို့ စစ်တပ်ကျူးလွန်သော ပြစ်မှုတိုင်းအတွက် စစ်တပ်အမျိုးအနွယ်မှန်သမျှကို တရားရုံးတွင် စီရင် အပြစ်ပေးရမည်သာဖြစ်သည်။

တိုင်းပြည်နှင့်ဒီမိုကရေစီတော်လှန်ရေးအတွက် အသက်ပေးဆပ်သွားကြသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါ အဝင် ခေါင်းဆောင် ၄ ဦးတို့၏ ကျေးဇူးနှင့်အနစ်နာခံခဲ့မှုများအတွက် ပြည်သူလူထု တစ်ရပ်လုံးက ဖက်ဆစ် စစ်တပ် တော်လှန်ရေးကို ဆက်လက် တိုက်ပွဲဝင်ရမည်ဖြစ်ပြီး မင်းအောင်လှိုင်၊ စိုးဝင်းနှင့်စစ်ခေါင်းဆောင်များ ၊ မိသားစုနှင့်အမျိုးအနွယ်များအားလုံးကို စစ်အာဏာရှင် မျိုးဆက် မကျန်သည်အထိ ၊အမြစ်ပြတ်သည်အထိ ချေမှုန်းရမည်သာဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article