29 C
Yangon

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာစစ်တပ်တို့အကြား ဆွေးနွေးမှုအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးကိစ္စ စစ်တပ်က ဆွေးနွေးရန် ငြင်းပယ်ခဲ့

Must read

ရန်ကုန်၊ မေ ၂၀

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတို ဆရီ မိုဟာမတ် ဟာဆန် (Datuk Seri Mohamad Hasan) နှင့် မြန်မာစစ်တပ်တို့အကြား ဆွေးနွေးမှုအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးကိစ္စ စစ်တပ်က အသေးစိတ် ဆွေးနွေးခြင်းမပြုဘဲ ငြင်းပယ်ခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ မေလ ၁၉ ရက်နေ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်သို့ လာရောက်ပြီး မြန်မာစစ်တပ် ၏ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနှင့် ၂ နာရီကျော်ကြာ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး အဆိုပါ ဆွေးနွေးမှုအတွင်း ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးရေးကိစ္စကိုမူ အသေးစိတ်ဆွေးနွေးခြင်းမပြုဘဲ ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့တော့ လွှတ်ပေးဖို့ကိစ္စကိုတော့ ဆွေးနွေးတာမလုပ်ဘူး။ အခု လာတဲ့ခရီး စဉ်က နှစ်ဖက်အကြား ယုံကြည်မှု ပြန်တည်ဆောက်တဲ့ သဘောမျိုးလို့ပြောလို့ရတယ်။ အာဆီယံမှာ မလေးရှား အနေနဲ့ မြန်မာကို ပြန်လည် လက်ခံဖို့ ပြန်ပြီးတော့ ယုံကြည်မှုနဲ့ ဆက်ဆံရေး ပြန်တည်ဆောက်တာ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးရေးကတော့ အခုတစ်ခေါက်မှာ ထဲထဲဝင်ဝင် ဆွေးနွေးတာမျိုး ဒီဘက်က သိပ်မလုပ်ခဲ့ဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်တပ်၏ ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး ဆွေးနွေးရန် ဖိတ်ခေါ်မှုကို ထပ်မံတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ပြီး လက်ရှိ အကြမ်းဖက်စစ်တပ်၏ ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်မှာ ဇူလိုင်လ ၃၀ ရက်နေ့ သက်တမ်းကုန်းဆုံးမည်ဖြစ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်သို့ မြန်မာစစ်တပ်က ဖိတ်ခေါ်ခဲ့မှုကို ခရီးစဉ်မတိုင်မီ သတင်းပေါက်ကြားမှု မရှိစေရေး လျှို့ဝှက်ဆောင်ရွက်ခဲ့ပြီး ခရီးစဉ်ပြီးမှသာ နှစ်ဖက် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာစစ်တပ်အပေါ် သဘောထား တင်းမာနေသော မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို မြန်မာစစ်တပ်က နေပြည် တော်သို့ လာရောက်ဆွေးနွေးမှုများ လုပ်ဆောင်ရန် အောက်ကျို့ဖိတ်ကြားခဲ့ပြီး လာမည့် နိုဝင်ဘာလ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင် သမ္မတအဖြစ် တက်ရောက်ခွင့်ရရှိရေး အခြားသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကိုလည်း နေပြည်တော်သို့ အကြမ်းဖက်စစ်တပ်က ဖိတ်ကြားနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article