33 C
Yangon

စစ်ကိုင်း၊ ပဲခူး၊ ကယားနှင့် ချင်းတို့တွင် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းများ တိုက်ခိုက်ခံရပြီး စစ်သား ၂၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းများ ဇူလိုင်လ ၂၅ ရက်နေ့တွင် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၂၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မုံရွာနှင့် စစ်ကိုင်းမှ ထွက်လာသော စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း မုံရွာနှင့် စစ်ကိုင်းမြို့နယ်များမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ယာဥ်တန်းများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၂၅ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် T.G.R တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မုံရွာမှ ထွက်ခွာ လာသော စစ်ကား ၂၄ စီးပါ ယာဥ်တန်းကို ဂွေပင်တောရွာနှင့် ဘုန်းမကြီးကင်းရွာ အကြားတွင် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်လုပ်သော မိုင်း ၃ လုံး၊ Saw Bwar Gyi (MBTT) ထုတ် Mytel မမ ၂ လုံး ဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး ထိမှန် ပျက်စီးကာ သေဆုံးသူ အရေအတွက်ကို အတည်မပြု နိုင်သေးကြောင်း သိရသည်။

ညနေ ၃ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းမြို့မှ ထွက်ခွာ လာသော စစ်ကား ၁၂ စီးကို နတ်ရေကန်နှင့် ငွေပင်တော အကြားတွင် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ် ထုတ်လုပ်သော မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦး သေဆုံးကာ ချောင်းဦးမြို့ဘက်သို့ ထွက်ခွာ သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်၊ Saw Bwar Gyi (MBTT)၊ 11Brother၊ ဗိုလ်တောက်ထွန်း (MBTT)နှင့် မြောင်မြို့နယ် (T.G.R) ပြည်သူ့ကာကွယ်ရေးတပ် Myaung People’s Defense Force (T.G.R) တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖယ်ခုံတွင် စစ်တပ် တပ်စွဲထားသော နေရာကို ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

ကယားပြည်နယ် ဖယ်ခုံမြို့နယ် ဆောင်နန်းခဲ ကျေးရွာ အရှေ့ဘက်ရှိ တောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNDF-B03နှင့် Pekhon PDF တပ်ရင်း၂နှင့် ၁၀၀၈ တပ်ရင်းတို့က ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် ၁နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးသူ ၈ ဦးခန့်နှင့် အများပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နတ်တလင်းတွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ ခံရပြီး စစ်သား ၃ ဦးသေဆုံး

ပဲခူးတိုင်း နတ်တလင်းမြို့နယ် အရှေ့ဘက် ကြက်မနက်ကျေးရွာမှ ကရင်ဆင်ဆွဲကျေးရွာသို့ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ Phoenix-D-F (Nattalin PDF)မှ ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အရာရှိ ၁ ဦးထိခိုက်ဒဏ်ရာရှိကာ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မတူပီတွင် စစ်တပ်နှင့် CDF တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့အဝင် လေမြိုချောင်း တံတားအနီး အကြမ်းဖက်စစ်တပ်နှင့် CDF မတူပီကြား ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၁၁ နာရီတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ထိတွေ့ပစ်ခတ်မှုတွင် CDF မတူပီဘက်မှ ထိခိုက်မှုမရှိကြောင်းနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း CDF မတူပီက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article