ရန်ကုန်၊ ဇူလိုင် ၂၆
ဂျပန်ရောက်မြန်မာများက တိုကျိုမြို့၊ရှီဘူရမြို့နယ်ရှိ ကုလသမဂ္ဂUnited Nations (UN) ရုံးရှေ့တွင် ပြည်ပ ရောက် မြန်မာ ၂၀၀ကျော်က အကြမ်းဖက် စစ်အာဏာရှင်၏ လူသတ်လုပ်ရပ်ကို အရေးယူရေး ဆန္ဒထုတ်ဖော်ကြသည်။
ကိုဂျင်မီ၊ကိုဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင်တို့အပေါ် စကစမှ တရားသဖြင့်ဖမ်းဆီးကွပ်မျက်ခဲ့ခြင်းအပေါ် မကျေနပ်၊လက်မခံနိုင်သောကြောင့်နိုင်ငံတကာက စစ်ကောင်စီကို အရေးယူဆောင်ရွက်ပေးရန် အဓိကရည်ရွယ်လုပ်ဆောင်ခဲ့ပြီး ကုလသမဂ္ဂ မှတာဝန်ရှိသူကိုလည်း ဂျပန်ရောက်မြန်မာများက အိတ်ဖွင့်စာပေးအပ်ခဲ့ကြသည်။
မြန်မာနိုင်ငံသားများ၏ အိတ်ဖွင့်ပေးစာတွင် တောင်းဆိုချက်များမှာ-
၁။ နိုင်ငံရေးအကျဉ်းသားတွေကို မတရားသဖြင့်သေဒဏ်ချမှတ်ခြင်းကို အရေးယူပေးရန်
၂။အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ကိုအရေးယူရန်
၃။နိုင်ငံရေး အကျဉ်းသားများ အပေါ် စကစ ဖိနှိပ်ချုပ်ချယ်မှု များကို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရန်
၄။ UN အပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူ့အခွင့်ရေးချိုးဖောက်ခံနေရသည့် ကိစ္စများကို လျစ်လျူရှု မျက်ကွယ်မပြုရေး အချက်များကို အလေးထားတောင်းဆိုခဲ့ကြသည်။



