29 C
Yangon

ကနေဒါနိုင်ငံ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများနှင့် SCEF ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပြီး ရှေ့ဆက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဆွေးနွေးခဲ့

Must read

ရန်ကုန်၊ ဇွန် ၃

ကနေဒါနိုင်ငံ၏ မြို့တော် အိုတာဝါမြို့တွင် ကနေဒါနိုင်ငံ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများနှင့် SCEF ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပြီး ရှေ့ဆက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း ယနေ့ ဇွန်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံခရီးစဥ်အတွင်း ကနေဒါနိုင်ငံ၏ မြို့တော် အိုတာဝါတွင် ကနေဒါနိုင်ငံအစိုးရ၊ လွှတ်တော် တာဝန်ရှိသူများနှင့်ရင်းနှီးစွာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ကနေဒါ နိုင်ငံ ခြားရေး၀န်ကြီး၏ ပါလီမန်ရေးရာအတွင်းဝန် ရောဘတ် အိုလီဖန့်က ကနေဒါနိုင်ငံသည် ငြိမ်းချမ်းပြီး အား လုံးပါဝင်နိုင်သော အနာဂတ်ကို ကြိုးပမ်းရာတွင် မြန် မာနိုင်ငံရှိ ပြည်သူများနှင့် အခိုင်အမာ ရပ် တည်လျက်ရှိကြောင်းပြောကြားခဲ့ပြီး လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အ တား အဆီးကင်းစွာဖြင့် အပြည့်အ၀ ဝင်ရောက် နိုင်ရန်အတွက် တိုက်ခိုက်မှုများ ချက်ခြင်းရပ်တန့်ရန် အရေးတကြီးလိုအပ်နေသည်ဟု ပြောဆိုခဲ့ ကြောင်း သိရသည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့က SCEF ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များနှင့်လုပ်ကိုင်ဆောင်ရွက်နေ မှုများ အပြင် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

SCEF ကိုယ်စားလှယ်အဖွဲ့သည် ဒီမိုကရက်တစ် မြန်မာနိုင်ငံ၏ ပါလီမန် မိတ်ဆွေများ အဖွဲ့၏ ဦး ဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် လွှတ်တော်အမတ် ဂါနက်ဂျီးနီယက် နှင့် အဒမ်ချိန်ဘာတို့နှင့် လည်း တွေ့ဆုံခဲ့ကြပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့်အချက်များ ၊ မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးနိုင်ရေး၊ အရပ်သားများအပေါ်အကြမ်းဖက်မှုအဆုံးသတ်နိုင်ရေး အတွက် ဆောင်ရွက်ရမည့် ကိစ္စ ရပ်များ စသည့်အကြောင်းအရာများဆွေးနွေးခဲ့ကြောင်း အသိပေးထားသည်။

SCEF ကိုယ်စားလှယ်အဖွဲ့သည် အိုတာဝါမြို့တွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဆက်လက်တွေ့ဆုံ ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိစ္စနှင့် ဖက်ဒရယ်ရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

SCEF ကိုယ်စားလှယ်အဖွဲ့တွင် SCEF အတွင်းရေးမှုးအဖွဲ့ဝင်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နိုင်ခြားရေးရာအဖွဲ့ဝင်များ ဖြစ်ကြသည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ နဲနယ်ပလို နှင့်ကရင်အမျိုးသားအစည်း အရုံးမှ စောနီးမရော့ဒ်တို့ ပါဝင်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတအကြံပေးဦးကျော်ဇော် လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် SCEF ကိုယ်စားလှယ်အဖွဲ့သည် တိုရန်တိုတက္ကသိုလ်တွင် ပါမောက္ခများ၊ သုတေသနပညာ ရှင် များ နှင့်တွေ့ဆုံဆွေနွေးခဲ့ကြသလို ကနေဒါနိုင်ငံရှိမြန်မာနွယ်ဖွားများနှင့်တွေ့ဆုံဆွေးနွေးပွဲ (Town Hall Meeting) များလည်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article