ရန်ကုန်၊ ဇွန် ၁၅
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ လက်အောက်ခံ ခလရ-၂၃၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သား သစ် ၁ ဦးနှင့် စစ်သား ၁ ဦးတို့သည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်း ၀င်ခဲ့ကြောင်း COBRA ONE တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့က ပခုက္ကူမြို့နယ် တပ်မ ၁၀၁ လက်အောက်ခံ ခလရ-၂၃၅ တပ်ရင်းမှ တပ်သား မြင့်သူအောင်နှင့် စစ်မှုထမ်းတပ်သား အောင်ဖြိုးသူတို့သည် စစ်ကောင်စီလက်အောက်ခံတွင် ဆက် လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့သဖြင့် COBRA ONE Pakokku ထံသို့ ဆက်သွယ်ကာ လက်နက် ခဲယမ်း ယူဆောင်လာနိုင်ခြင်းမရှိဘဲ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။
ထိုအအလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သား အောင်ဖြိုးသူသည် ပုသိမ်မြို့တွင် ဖွင့်လှစ်သည့် စစ်မှုထမ်း အပတ်စဉ် ၂၃ ကို တက်ရောက်ခဲ့ရသဖြင့်ပြီး ပဲခူးတိုင်းသားတစ်ဦးဖြစ်ကြောင်း၊ ၎င်းကို အ ကြမ်းဖက် စစ်တပ်က နေအိမ်ထဲအထိ ဝင်ရောက်ကာ ပေါ်တာ ဖမ်းဆီးခံရသဖြင့် စစ်မှုထမ်းတပ်သား ဖြစ်လာခဲ့သူဖြစ်ကြောင်း၊ ထို့အပြင် သန္ဓေစစ်သားဖြစ်သူ မြင့်သူအောင်သည် ဧရာဝတီတိုင်း၊ ဟင်္သာ တမြို့ ဇာတိဖြစ်ကြောင်း သိရသည်။
“ရက်ပိုင်း အတွင်း ရခိုင်ပို့ဖို့ စီစဉ်နေတုန်း ထွက်ပြေးလာပြီး အလင်းဝင်တာဖြစ်ပါတယ်။ စစ်မှု ထမ်း တပ်သားက အခု ၂၀၂၆ ခုနှစ်ထဲမှာပဲ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းတပ်သားဖြစ် လာသူပါ။ ကျန်တဲ့ တစ်ဦးကတော့ သန္ဓေစစ်သားဖြစ်ပါတယ်။ အခုလို အလင်းဝင်ရောက် လာတဲ့သူတွေကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ချင်ပါတယ်။ ဒါပေမယ့် ငွေကအခက်ခဲဖြစ်နေလို့ မချီးမြှင့်နိုင်ပါဘူး”ဟု COBRA ONE တပ်ဖွဲ့မှ ဗိုလ်မြွေ ဟောက်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ စစ်တပ်လက် အောက် ခံ ပျူစောထီး ၂ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး သက်ဆိုင်ရာ ကျောက်ဆည်မြို့နယ် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း Kyaukse Revolution Army -KRA တပ်ဖွဲ့က ထုတ် ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ပထမ ပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ ဖမ်းဆီး ရရှိ သည့် စစ်သုံ့ပန်း စုစုပေါင်း ၃၄၃၃ ဦးရှိပြီဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထား သည်






