26.6 C
Yangon

ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်မှု မိခင်ဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဒေါ်ဘုတ်ဆုံပွဲချင်းပြီးသေဆုံးပြီး မောင်နှမ ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၁၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၂ ခုကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်ဘုတ်ဆုံပွဲချင်းပြီးသေဆုံးပြီး မောင်နှမ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ရွှေဘို လေ့ကျင့်ရေး-၈ မှ တက်လာသော အသေခံဒရုန်း ၅ စီးထဲမှ ၂ စီးသည် ဝက်လက်မြို့နယ်တောင်ခြမ်း ဝက်လူးအိုင်ရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး မိခင်ဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဒေါ်ဘုတ်ဆုံ ပွဲချင်းပြီး သေဆုံးကာ သားဖြစ်သူ အသက် ၂၄ နှစ်အရွယ် ကိုသားပြည့်နှင့် သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မချောချောတို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိနေသော အသေခံ ဒရုန်းများသည်လည်း ဝက်လက်မြို့နယ် တောင်ခြမ်း သာလိုင်းရွာသစ်ရွာထဲကို ကျရောက်‌ ပေါက်ကွဲခဲ့ပြီး နွားစာတဲ ၁ လုံး မီးလောင်ပျက်စီးခဲ့ကာ လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ပြည်သူတွေ နေထိုင်တဲ့ ရွာထဲကို အသေခံဒရုန်း ၅ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။ ၂ စီးက ဝက်လူးအိုင်ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ သားအမိ ၃ ဦးကို ထိတာ မိခင်ဖြစ်သူကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ကျန်တဲ့ရွာထဲကျတာကတော့ နွားစာတဲ ၁ လုံးမီးလောင်သွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

အလားတူ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီကလည်း ဝက်လက်မြို့နယ်၊ ​ရေထွက်ကျေးရွာမြောက်ဘက်ကို ရွှေဘိုမြို့မှ အကြမ်းဖက် စစ်သားများ လွှတ်တင်လိုက်သော အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း နေအိမ် ၁ လုံးကို ထိမှန်ခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article