32 C
Yangon

လှိုင် ၁၆ ရပ်ကွက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်မှုဖြင့် စစ် တပ်က လမ်းများရှိ စျေးဆိုင်များကို ဝင်ရောက်ဖျက်ဆီး၊ ပြည်သူများကို ဒူးထောက်၊ ဝမ်းလျားမှောက်ခိုင်းပြီး ရိုက်နှက်၊ အကောင်းစား အရက်ပုလင်းများကို လုယက်

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၆ ရပ်ကွက်တွင် ယနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်သွားပြီးနောက် စစ်တပ်က ၁၆ ရပ်ကွက်အတွင်းရှိ လမ်း များကို ဝင်ရောက်စီးနင်းပြီး စျေးဆိုင်များကို ဖျက်ဆီးခြင်း၊ ပြည်သူများကို ရိုက်နှက်ခြင်းနှင့် အရက်ပုလင်းများ လုယူသွားကြောင်း ဒေသခံများက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က ရမ်းကားနေသည့် CCTV ဗီဒီယိုများ၊ ပြည်သူများကို ဒူးထောက်ခိုင်း၊ ဝမ်းလျားမှောက်ခိုင်းပြီး ရိုက်နှက်သည့် ဗီဒီယိုနှင့်ဓာတ်ပုံမှတ် တမ်းများကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော်လည်း ရိုက်ကူးသူများ ၏ လုံခြုံရေးအတွက် ထုတ်ပြန်နိုင်ခြင်းမရှိပေ။

အကြမ်းဖက်စစ်တပ်က မာလာမြိုင် ၆ လမ်း၊ ၇ လမ်း၊ ၈ လမ်း၊ ၉ လမ်း၊ ၁၀ လမ်းများကို လှည့်ပတ်ပြီး ဆန္ဒပြသူများကို ရှာဖွေကြောင်း၊ စျေးသည်များကို ကျောခိုင်းထိုင်ခိုင်းပြီး စျေးဗန်းများကို ဖျက်ဆီးကြောင်း၊ ပြည်သူများကိုလည်း လှည့်မကြည့်ရန် ဝမ်းလျားမှောက်ထားရန် ပြောဆိုပြီး ရိုက်နှက်ကြောင်း၊ စတိုးဆိုင်တစ်ခုမှာအကောင်းစား အရက်ပုလင်းများကိုလည်း လုယူသွားကြောင်း သိရှိရသည်။

“လှိုင် ၁၆ ရပ်ကွက်မှာ ဒီနေ့ညနေဆန္ဒပြလို့ဆိုပြီး စစ်သားတွေလာသောင်းကျန်းသွားတယ် ရှိသမျှစျေးသည်တွေကိုကျောခိုင်းထိုင်ခိုင်းပြီး စျေးသည်တွေရဲ့ပစ္စည်းတွေ အကုန်သယ်သွားတယ်။ မာလာမြိုင် ၈ လမ်းထိပ် စတိုးဆိုင်က အရက်အကောင်းစားတွေအကုန် မသွားတယ်။ လှိုင်မြို့နယ် ၆လမ်း ၇ လမ်း ၈လမ်းမှာ ဆန္ဒပြတယ်ဆိုပြီး ခွေးတွေ လမ်းတွေ ပိတ်ပြီးရှာဖွေခဲ့တယ်။ လမ်းတွေထဲမှာ တွေ့သမျှ လူ စစ်တပ်က ဒူးထောက် ခိုင်းတာ။ စျေးဗန်းတွေကိုလည်း ရိုက်ခွဲတယ်။ ထိုင်ခုံတွေက အစ ကားပေါ်ဆွဲတင်တယ်။ လူရမ်းကားတွေ” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- မန္တလေးတွင် ယမန်နှစ် ပြည်သူတစ်ဦးကို ဖမ်းဆီး ရိုက်နှက်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်။ (ပုံအဟောင်းဖြစ်သည်)

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article