25.9 C
Yangon

တပ်ချုပ်သစ် ရဲဝင်းဦး၊ ဒုတပ်ချုပ် ကျော်စွာလင်း အပါအဝင် စစ်တပ်ခေါင်းဆောင်များ သီတင်းနှစ်ပတ်လျှင် ၁ ကြိမ် အကြမ်းဖက် မင်းအောင်လှိုင်ထံသို့ သွားရောက်၍ တပ်ဘက်ဆိုင်ရာ အခြေအနေများ၊ စစ်ဆင်ရေးများကို ရှင်းလင်းတင်ပြရ

Must read

ရန်ကုန်၊ ဇွန် ၂၁

အကြမ်းဖက်စစ်တပ်၏ တပ်ချုပ်သစ်ရဲဝင်းဦး၊ ဒုတပ်ချုပ် ကျော်စွာလင်း အပါအဝင် စစ်ခေါင်း ဆောင်များက သီတင်းနှစ်ပတ်လျှင် ၁ ကြိမ် အကြမ်းဖက် မင်းအောင်လှိုင်ထံသို့ သွားရောက်၍ တပ်ဘက်ဆိုင်ရာ အခြေအနေများ၊ စစ်ဆင်ရေးများကို ရှင်းလင်းတင်ပြရကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့မှစတင်၍ အကြမ်းဖက် မင်းအောင်လှိုင်က တပ်ချုပ်ရာထူးကို လူယုံရဲဝင်းဦးကို လွှဲပြောင်းပေးလိုက်ကြောင်း၊ ယင်းနောက် ဧပြီလ ၁၀ ရက်နေ့ တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ် အတင်းအကျပ်ရာထူးရယူခဲ့ကြောင်း၊ ယင်းကဲ့သို့ ရယူပြီးနောက် မေလအတွင်းမှစတင်၍ သီတင်း ၂ ပတ်လျှင် ၁ ကြိမ် တပ်ချုပ်ရဲဝင်းဦး၊ ဒုတပ်ချုပ်ကျော်စွာလင်း၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ကိုကိုဦး၊ ရေနှင့်လေတပ် ဦးစီးချုပ်များက မင်းအောင်လှိုင်ထံသို့ သွားရောက်၍ စစ်ရေးအခြေအနေများ၊ စစ်ဆင်ရေး အခြေအနေများ၊ တပ်ဘက်ဆိုင်ရာကိစ္စများကို လမ်းညွှန်မှု ခံယူရကြောင်း သိရှိရသည်။

“မေလကစပြီး တပ်မတော်ဘက်က လူကြီး(အကြမ်းဖက်မင်းအောင်လှိုင်) ဆီကို ၂ ပတ် ၁ ကြိမ်သွားပြီး လမ်းညွှန်မှုခံယူရတယ်။ အဲဒီမှာ စစ်ဆင်ရေးကိစ္စတွေလည်းပါတယ်။ တပ်မတော်နဲ့ပတ်သက်တာတွေအကုန်ပါတယ တင်ပြရတယ်။ သက်ဆိုင်ရာ တာဝန်တွေအလိုက် တင်ပြရတယ်။ အိမ်တော်ကိုသွားပြီး တင်ပြရတာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းအပြင် အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ဘက်မှ အရာရှိကြီးများကိုလည်း အိန္ဒိယခရီးစဉ်နှင့် တရုတ်ခရီးစဉ်တို့တွင် အလှည့်ကျ ခေါ်ဆောင်သွားနေကြောင်း၊ လိုက်ပါမည့် စစ်အရာရှိကြီးများကို အကြမ်းဖက် မင်းအောင်လှိုင်က ကိုယ်တိုင်ရွေးချယ်၍ ခေါ်ယူကြောင်း သိရှိရသည်။

လက်ရှိ စီမံခန့်ခွဲမှုများအရ စစ်တပ်ကို အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ပေး ညွှန်ကြားနေဆဲဖြစ်ကြောင်း၊ တပ်တွင်း ရာထူးအပြောင်းအလဲကိစ္စများမှ စတင်၍ စစ်ဆင်ရေးနှင့် စီမံခန့်ခွဲရေးရာ ကိစ္စများအားလုံးအထိ မင်းအောင်လှိုင်ကသာ ဆက်လက် ဦးဆောင်နေသည်ဟု ဆိုနိုင်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article