25.9 C
Yangon

ကျောက်ကြီးမြို့နယ်တွင် စစ်မှုထမ်း တပ်သား ၁၆ ဦး KNDO တပ်ရင်း ၃ ထံ အလင်း၀င်

Must read

ရန်ကုန်၊ ဇွန် ၂၁

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်မှုထမ်း တပ်သား ၁၆ ဦး KNDO တပ်ရင်း ၃ ထံ အလင်း၀င်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၉ ရက်နေ့တွင် ကော့သောင်း ခလရ-၅၉၅ တပ်ရင်းမှ တပ်သား ၅ ဦးဖြစ်သော မောင်ဝေယံ (၁၈) နှစ်၊ စအိုင်ခန့် (၂၁) နှစ်၊မောင်နေလင်းထွန်း (၃၀) နှစ် ၊ မောင်ကောင်းမင်းသန့် (၂၃) နှစ် နှင့် မောင်သိန်းဇော် (၁၈) နှစ်တို့ KNDO တပ်ရင်း ၃ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၅ ရက်နေ့တွင်လာည်း ပေါက်ခေါင်း ခမရ-၅၃ တပ်ရင်းမှ တပ်သား ၁၁ ဦး ဖြစ်သည့် မောင်ရဲမင်းသူ (၂၃) နှစ် ၊မောင်သိန်းဇော် (၄၁) နှစ်၊ အောင်သူရသွေး (၂၁) နှစ် ၊ မောင်အောင်သိန်း (၃၀) နှစ် ၊ ကျော်ကျော်နိုင် (၃၃) နှစ် ၊ အေးလင်းနောင်(၂၁) နှစ် ၊ ဇော်မျိုးပိုင် (၂၈) နှစ် ၊ သိန်းအောင် (၃၇) နှစ် ၊ စည်သူ (၂၈) နှစ် ၊ ထွန်းထွန်းဦး (၃၅) နှစ် နှင့် ကျော်ကျော်မျိုး (၂၀) နှစ်တို့ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်(KNDO)တပ်ရင်း(၃)ထံသို့ ထပ်မံ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားများသည် ၎င်းတို့၏ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရကာ ရှေ့တန်းနယ်မြေများသို့ ပို့ဆောင်ခံရသောတပ်သားများဖြစ်ကြောင်း KNU က ပြောဆိုထားသည်။

အကြမ်းဖက်စစ်တပ်တွင် မိမိတို့ ဆန္ဒမပါဘဲ အတင်းအဓမ္မစေခိုင်းခံရသည့် တပ်သားများ အနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက်လာကြပါရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထပ်မံတိုက်တွန်း အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article