27.3 C
Yangon

မုဒုံမြို့နယ်တွင် မှိန်ဂနိမ်းကျေးရွာ အုပ်ချုပ်ရေးမှူးက လောင်းကစားဒိုင် ပြုလုပ်ပြီး နေ့ရောညပါ လောင်းကစားဝိုင်းများ ပြုလုပ်နေ၊ တိုင်ကြားသူကို အုပ်ချုပ်ရေးမှူးက နေအိမ်ထဲ မူးယစ်ဆေးပစ်ထည့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဇွန် ၂၄

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မှိန်ဂနိမ်းကျေးရွာ အုပ်ချုပ်ရေးမှူးက လောင်းကစားဒိုင် ပြုလုပ်ပြီး နေ့ရောညပါ လောင်းကစားဝိုင်းများ ပြုလုပ်နေကာ တိုင်ကြားသူကို အုပ်ချုပ်ရေးမှူးက နေအိမ်ထဲ မူးယစ်ဆေးပစ်ထည့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မှိန်ဂနိမ်းကျေးရွာ အုပ်ချုပ်ရေးမှူးက အရပ်ပြဇာတ်များ ထည့်သွင်း၍ နေ့ရောညပါ လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာသားများသည် လောင်းကစားဝိုင်းများတွင်သာ အချိန်ကုန်နေသည့် အတွက် အမျိုးသမီးများက လောင်းကစားဝိုင်းများ ပိတ်သိမ်းပေးရန် ပြောဆိုသော်လည်း ဆက်လက် လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးသည် မုဒုံမြို့နယ် ရဲစခန်းမှူးကိုလည်း လစဉ် ငွေပေးထားသည့်အတွက် သွားရောက်တိုင်ကြားသူ အမည်များသိပါက နေအိမ်ထဲ ဆေးပစ်ထည့်၍ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း၊ ထိုသို့ ခြိမ်းခြောက်ပြောဆိုခံရသောကြောင့် ပြည်သူများသည် မည်သည့်နေရာမှ တိုင်ကြားရဲခြင်းမရှိကြောင်း သိရှိရသည်။

ထို အုပ်ချုပ်ရေးမှူးသည် မှိန်ဂနိမ်းကျေးရွာ အပိုင်အတွင်းရှိ မိန်းမပျိုများကိုလည်း အချိန်မရွေး သိမ်းပိုက်နိုင်သည်ဟု လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုများပါ ပြုလုပ်နေ၍ အမျိုးသမီးငယ်များကို တစ်ဦးတည်း အပြင်မလွှတ်ရဲကြောင်း သိရသည်။

“မှိန်ဂနိမ်းကျေးရွာမှာ သူကိုဆန့်ကျင်တဲ့ကျေးရွာသားဖြစ်ရင် နေအိမ်ထဲ ဆေးပစ်ထည့်ပြီး ဖမ်းလိုက်လို့ရတယ် သူ့မှာ လုပ်ပိုင်ခွင့်အပြည့်ရှိတယ်ဆိုပြီး ရွာသူရွာသားတွေကို ခြိမ်းခြောက်တယ်။ အခု နောက်ပိုင်း ပိုမို အတင့်ရဲလာတာက သူအလိုရှိရင် မှိန်ဂနိမ်းကျေးရွာ ပိုင်နက်ထဲက ဘယ်မိန်းမပျိုကိုမဆို အချိန်မရွေးသိမ်းပိုက်လိုက်လို့ရတယ်ဆိုပြီးပါ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုတာတွေပါ လုပ်လာတယ်။ အခုက အမျိုးသမီးငယ်တွေလည်း ရွာထဲကို တစ်ယောက်တည်း မသွားရဲလောက်အောင်ကို ဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article