ရန်ကုန်၊ ဇွန်လ ၂၄
စစ်ကိုင်းတိုင်း၊ စစ်ကိုင်း ၊ မြင်းမူ၊ ချောင်းဦးနှင့် ဘုတလင်နှင့် ကနီမြို့နယ်တို့တွင် စစ်ကောင်စီစစ် ကြောင်းနှင့် ယာဉ်တန်းတို့ကို တိုက်ခိုက်မှု စစ်သား ၃၃ ဦးသေဆုံးကာ စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက် နက် ၁၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က ထုတ်ပြန် သည်။
မေလနှင့် ဇွန်လ တတိယပတ်အတွင်း စစ်ကိုင်းတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ စစ်ဆင်ရေး နယ် မြေအသီးသီးတွင် စစ်ကောင်စီတပ်သား ၃၃ ဦးသေဆုံးကာ ၁၇ ဦး ထိခိုက် ဒဏ်ရာရရှိပြီး စစ် သုံ့ပန်း ၂ ဦး အပါအဝင် လက်နက်မျိုးစုံ ၁၆ လက်နှင့် ခဲယမ်းပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ကြောင်း ၊ အ မျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် တိုင်းစစ်ဌာနများအလိုက် စစ်ဆင်ရေးများကို စနစ်တကျ ကွပ်ကဲဖော်ဆောင်လျက် ရှိ ကြောင်း အသိပေးထား သည်။
မေလ ၅ ရက်နေ့တွင် မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ် သင့်ငံရွာတွင် ရောက်ရှိနေသော တပ်မ -၉၉ လက်အောက်ခံ ခမရ-၁၄ မှ အင်အား ၂၀၀ ပါစစ်ကြောင်းကို ယင်းမာပင်ခရိုင်စစ်ဌာနကွပ်ကဲမှုဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိနိုင် ကြောင်း၊ ထို့အပြင် ယင်းစစ်ကြောင်းမှ ခွဲထွက်လာသော အင်အား ၅၀ ပါ စစ်ကြောင်းသည် မေလ ၆ ရက်နေ့တွင် ချောင်းမရွာသို့ရောက်ရှိ၍ စကစ တပ်သား ၁ ဦး၏ ရုပ်အလောင်းအား မြုပ်နှံကာ၊ ကျန် ဒဏ်ရာရ စကစတပ်သားများကို သယ်ဆောင်ပြီး ဘန့်ဘွေး (ပျူရွာ) သို့ ဝင်ရောက်သွားကြောင်း သိရ သည်။
မေလ၊ ၁၉ ရက်နေ့တွင် မြင်းမူမြို့နယ် ၊ အလ္လကပ္ပရွာ အရှေ့ထိပ်ရှိ စအရ ၉၀၉ ၊ ပျူစောထီး ပူးပေါင်း ဂိတ်မှ ထွက်လာသော စစ်ကောင်စီတပ်သားများကို လက်လုပ်မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၂ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး အမြန်လမ်းပေါ်၊ ငါးယှန်ကျေးရွာရှိ စခန်းမှ ထွက်လာသော တပ်မ ၃၃ လက်အောက်ခံ ခလရ – ၇၆ ၊ ခမရ – ၁၃၊ ရတဖ – ၁၆၊ ပြည်သူ့စစ် ပူး ပေါင်းအင်အား ၁၀၀ ပါစစ်ကြောင်းကို ချောင်းဦး – ပခုက္ကူ လမ်းပိုင်းပေါ်ရှိ မှန်ချိုကျေးရွာမှ တဆင့် ဆင်မြေကျေးရွာဘက်သို့ ထွက်ခွာလာစဉ်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ပြီးနောက် ရှေ့ပြေးတပ်စု အထိနာပြီး မှန်ချိုကျေးရွာ အတွင်းသို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားစဉ် မှန်ချိုကျေးရွာ အတွင်းသို့ လိုက်လံရှင်းလင်းခြေမှုန်းရာ စစ်ကောင်စီ တပ်သား များက ပြည်သူပိုင်ကားများကို ချောဆွဲ၍ ချောင်းဦးမြို့အတွင်းသို့ ပြန်လည်ဆုတ်ခွာသွား ကြောင်း သိရသည်။
ယင်းစစ်ဆင်ရေးအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၃ ဦး သေဆုံး၊ ၉ ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်သုံ့ပန်း ၂ ဦးကို လက်နက်မျိုးစုံ ၁၆ လက်နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပေါင်းစည်းတပ်ရင်းများ နှင့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)၊စစ်ကိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပ.က.ဖ) နှင့် ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပ.လ.ဖ) တို့ပူးပေါင်း၍ မုံရွာခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇွန်လ ၅ ရက်နေ့တွင်လည်း စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ရွာနှင့်အုန်းတောရွာ ကြား၌ နမခမှ ထွက်လာသော သံပြားကာကား ၈ စီး၊ ဆီဘောက်ဆာကား ၁၄ စီး အား စစ်ကိုင်းခရိုင် စစ် ဌာန ကွပ်ကဲမှုဖြင့်မိုင်း ၆ လုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ကား ၁ စီးပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာ ရသူ အများအပြားရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်လ ၅ ရက်နေ့ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းရွာ အရှေ့ဘက် စစ်ကိုင်း တမခ -၃၃ မှ ထွက်ခွာလာသော သံပြားကာ ကား ၈ စီး၊ ၁၂-ဘီးကား ၂ စီး နှင့် ၆-ဘီးကား ၅ စီးအား စစ်ကိုင်းခရိုင်စစ်ဌာနကွပ်ကဲမှုဖြင့် ထပ်မံ၍ ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၅ ရက်နေ့တွင်လည်း စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာ စကမ အထိုင်ချထား သော နေရာမှ ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်ကောင်စီတပ်သား အင်အား ၂၅ ဦးခန့်ကို မြင်းမူ မြို့နယ်၊ မြောင်လမ်းခွဲနှင့်ဂွေးပင်တောရွာကြား၌ စစ်ကိုင်းခရိုင်စစ်ဌာနကွပ်ကဲမှုဖြင့် လက်လုပ်မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇွန်လ ၁၅ ရက်နေ့တွင်ပင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ နှုံးတွင်းရွာနှင့် နတ်ခရိုင်ရွာကြား နမခ မှ ထွက်လာသော စစ်ယာဥ်တန်းကို စစ်ကိုင်းခရိုင်စစ်ဌာနကွပ်ကဲမှုဖြင့် လက်လုပ် မိုင်း ၂ လုံး ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား ၂ စီးထိခိုက်ပျက်စီး သွားကြောင်း သိရသည်။
အလားတူ ဇွန်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း တမခ -၃၃ မှ ထွက်လာ သော စစ်ယာဥ်တန်းအား မြင်းမူမြို့နယ်၊ ထီးဆောင်းရွာ အရှေ့ဘက်၌ စစ်ကိုင်းခရိုင်စစ်ဌာနကွပ်ကဲ မှုဖြင့် ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၈ ရက်တွင် မုံရွာခရိုင်၊ ဘုတလင်မြို့နယ် အနောက်ဇီးတောရွာမှ ဘုတလင်မြို့ ထွေ/အုပ်ရုံး သို့ ထွက်လာသော နမခ မှ ရန်သူ့အင်အား ၂၅၀ ခန့်ပါ စစ်ကြောင်း အား မုံရွာခရိုင်စစ်ဌာနကွပ်ကဲမှု ဖြင့် စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်သား ၅ ဦးခန့် ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် အကြမ်းဖက်စကမအား စစ်မျက်နှာအသီးသီးတွင် ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက် ရှိရာ မိဘ ပြည်သူများအနေဖြင့်လည်း မိမိတို့ တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ကူညီဖေးမကြပါရန် မေတ္တာ ရပ်ခံထားသည်။






