26.2 C
Yangon

ရွှေပြည်သာမြို့နယ် Bontech အထည်ချုပ် စက်ရုံတွင် အလုပ်သမားများ လုပ်ခလစာ တိုးပေးရေး တောင်းဆိုနေ

Must read

ရန်ကုန်၊ ဇွန် ၂၅

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် Bontech အထည်ချုပ် စက်ရုံတွင် အလုပ်သမားများ လုပ်ခလစာ တိုးပေးရေး တောင်းဆိုနေကြောင်း Solidarity of Trade Union Myanmar မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းမှ စတင်၍ Bontech အထည်ချုပ် စက်ရုံတွင် အလုပ်သမားများက ဒေးကြေး ငွေကျပ် ၁၅၀၀၀ ၊ OT ကြေး ငွေကျပ် ၃၀၀၀ ၊ ရက်မှန်ကြေး ငွေကျပ် ၆၀၀၀၀ ၊ အပူခံကြေး ငွေကျပ် ၃၀၀၀၀ နှင့် ဂရိတ်ကြေးများ တိုးမြှင့်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စက်ရုံဘက်ကလည်း လက်ရှိချိန်ထိ အလုပ်သမားနှင့် ပြေလည်အောင် ညှိနှိုင်းပေးခြင်းမရှိသေးဘဲ ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဝန်ထမ်းများကို ခေါ်ယူ၍ အလုပ်သမားကို ဖိအားပေးရန်သာ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“တောင်းဆိုမှု လုပ်နေတာက မနေ့က ညနေပိုင်းတည်းက စပြီး လုပ်ဆောင်နေတာပါ။ လက်ရှိအချိန်ထိတော့ ညှိနှိုင်မှု အထ မမြောက်ပါဘူး။ အလုပ်သမားတွေကတော့ ဆက်လက်တောင်းဆိုနေပါတယ်” ဟု Solidarity of Trade Union Myanmar မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ Bontech အထည်ချုပ် စက်ရုံတွင် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ မပြုံးဖြူပြာဝင်းကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချိုးဖောက်သည်ဟူသော ခေါင်းစဉ်ပြချက်ဖြင့် အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း အလုပ်သမားများနှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article