27.4 C
Yangon

မြောင်မြို့နယ် နဘက်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညအချိန် အသေခံ ဒရုန်း ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ် ၆ လုံး မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၂၆

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်ကျေးရွာရှိ မြသိမ်းတန်ဘုရားအရှေ့ဘက်နေရာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်း ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူပိုင်နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မြောင်မြို့ သတင်းမှန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့ ည ၇ နာရီ ၂၆ မိနစ်ခန့်မှ ၇ နာရီ ၃၃ မိနစ်ခန့်အချိန်အထိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ ပျံသန်းလာသည့် Kamikaze Suicide Drone ၄ စီးက နဘက်ကျေးရွာ မြသိမ်းတန်ဘုရားအရှေ့ဘက်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြောင်မြို့ သတင်းမှန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်တပ်၏ အဆိုပါတိုက်ခိုက်မှုမှာ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားနေခြင်းမရှိသည့် အခြေအနေတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်တပ်က တိုက်ပွဲမရှိဘဲ ဒရုန်းတွေနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ နေအိမ် ၆ လုံး မီးလောင်ပျက်စီးသွားပါတယ်။ ” ဟု မြောင်မြို့ သတင်းမှန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

အလားတူ ယခုနှစ် မတ်လ ၂၃ ရက်တွင်လည်း တံတားဦးလေတပ်မှ ပျံတက်လာသည့် A-5 Bomber ဂျက်တိုက်လေယာဉ်တစ်စီးက မြောင်မြို့နယ်၊ သောင်းကြီးကျေးရွာကို နှစ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းတိုက်ခိုက်မှုတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူ ၃ ဦးမှာ မတ် လ ၂၄ ရက်နေ့တွင် ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၇ ဦးအထိ ရှိလာခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article