27.4 C
Yangon

မြိုင်နှင့် စလင်းတွင် စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၆

မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင် ရိက္ခာထွက်ယူသော စစ်တပ်ကို စောင့်ကြို တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ က ထုတ်ပြန်ထားသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် မြိုင်မြို့ပေါ်ရှိ မီးသတ်စခန်းအနီး၌ အထိုင်ချထားသော အကြမ်းဖက် စစ်သားများမှ အင်အားအနည်းငယ်ဖြင့် ရိက္ခာထွက်ယူစဉ် တော်လှန်ရေးတပ်က စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် စစ်သားများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အနီးကပ်နေထိုင်ခြင်းများ မပြုလုပ်ကြရန် လေးနက်စွာ မြိုင် ပကဖ က အသိပေး ပြောဆိုထားသည်။

မကွေးတိုင်း၊ စလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း ၂နှင့် စစ်ကြောင်း ၄ တာဝန်ခံ ကိုထူးလေးက ရန်ကုန်‌ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့တွင် စလင်းမြို့နယ်အတွင်းကို မိုးဝန်းသရက်ချဉ်ဂိတ်နှင့် ကျွဲကျောင်းပျူစောထီးများ ပူးပေါင်းထားသော အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို ကြားကာလမကွေးဖက်ဒရယ်ယူနစ်၏ စစ်ကြောင်း ၂ နှင့် ၄ တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးမှာ မျက်မြင်သေဆုံးခဲ့ပြီး အများအပြားပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ်များမှ ခိုးယူလာသော ပစ္စည်းများကို စွန့်ပစ်ကာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းကတော့ ၆ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရ ၃၀ကျော်တယ်။ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာတော့ မရှိဘူး။ သူတို့ ပြန်ဆုတ်ပြေးသွားတယ်ဆိုပေမယ့် ကျွန်တော်တို့ သူတို့တွေ ကျေးရွာ ပြည်သူတွေ နေအိမ်ကနေ ခိုလာတဲ့ မီးကြိုးတွေ သူတို့ ကျောပိုးလွယ်အိတ်တွေ ကျန်နေခဲ့တာတော့ရှိတယ်။ အဲဒီ အရာတွေပဲ ကျွန်တော်တို့ ကြက်တွေ ခိုးတွေပြီး အိတ်ထဲထည့်ခဲ့တာ အဲဒါတွေပဲ သိမ်းဆည်းရမိတာမျိုးပဲရှိတယ်။ စစ်ခွေး စစ်ကြောင်းက စလင်းမြို့ပေါ်ကို ပြန်ဆုတ်ပြီးတော့ မနေ့ကနဲ့ ဒီနေ့အထိကတော့ စလင်းအနောက်ဘက် မြေနီကုန်း ဘက်ကို စစ်ကြောင်းပြန် ဦးတည်နေတယ်လို့သိရပါတယ်။ ပြည်သူများအနေဖြင့် ကျွန်တော်တို့ ကာကွယ်ရေး တပ်ဖွဲ့တွေ သတ်မှတ်ထားတဲ့ မသွားဖို့ သတ်မှတ်ထားတဲ့ နေရာဒေသကို မသွားကြဖို့နဲ့ ဒီ စခ ရခတွေနဲ့ ဝေးဝေး နေကြဖို့ ပြောချင်ပါတယ်။ အချိန်မရွေး ကျွန်တော်တို့ တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့် စခ ရခတွေနဲ့ ဝေးဝေးနေဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း နယ်မြေကာကွယ်ရေးအရ ချမှတ်ထားတဲ့ မိုင်းစည်းရိုးရှိတဲ့အတွက် ချမှတ်ထားတဲ့နေရာတွေကို မသွားကြဖို့ ပြည်သူကို ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ် “ဟု မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း ၂နှင့် စစ်ကြောင်း ၄ တာဝန်ခံ ကိုထူးလေးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကြားကာလမကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း ၂ နှင့် ၄ တို့ ဦးဆောင်၍ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မကွေးခရိုင် ပကဖ တပ်ခွဲများက အတူတကွ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကြားကာလမကွေးဖက်ဒရယ်ယူနစ်၏ စစ်ကြောင်းများသည် အကြမ်းဖက်စစ်တပ်ကို အစွမ်းကုန် တိုက်ခိုက်သွားမည်ဖြစ်ပြီး၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်သူလူထုအပေါ် စစ်တပ်က ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြတ်သားစွာ တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အဓိကထား၍ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပါကြောင်း အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article