27.4 C
Yangon

ဗန်းမော်မြို့သို့ စစ်အင်အားဖြည့်ရန် မန္တလေးဂေါဝိန်ဆိပ်ကမ်းမှ စစ်သင်္ဘော ၂ စီးစတင်ထွက်ခွာနေပြီး Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်က မြစ်ကမ်းတစ်လျှောက်ဗုံးကျဲ လမ်းကြောင်းရှင်း

Must read

ရန်ကုန်၊ ဇွန် ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းရန် မန္တလေးဂေါဝိန်ဆိပ်ကမ်းမှ စစ်သင်္ဘော ၂ စီး စတင်ထွက်ခွာနေပြီး မတ္တရာ၊ စဉ့်ကူးမြို့နယ်၊ မြစ်ကမ်းတစ်လျှောက်ကို Mi 35 တိုက် ခိုက်ရေး ရဟတ် ယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲ လမ်းကြောင်းရှင်းတိုက်ခိုက်နေကြောင်း Wetlet Informational Network မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၂၇ ရက်နေ့ မန္တလေးမြို့၊ ဂေါ်ဝန်ဆိပ်ကမ်းမှ ကမ်း ထိုးသင်္ဘော ၁ စီးနှင့် တိုက်ခိုက်ရေး သင်္ဘော ၁ စီးတို့မှာ မတ္တရာမြို့နယ်၊ ဆူးလေကုန်းရွာအနောက် ဘက်သို့ ရောက်ရှိနေကာ အထက်သို့ ဆက်လက်၍ ဆန်တက်နေကြောင်း၊ အဆိုပါ ဆန်တက်နေ သော စစ်သင်္ဘောများမှာ မန္တလေးမြို့ ဂေါ၀န်ဆိပ်ကမ်းမှ ထွက်ခွာမည့် စစ်ကူ သင်္ဘောအစီးရေ ၂၀ ခန့် ဗန်းမော်မြို့သို့ သွားရောက်နိုင်ရေး ရှေ့ပြေးချီတက်လာနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ရေးသင်္ဘောများ ဆန်တက်လာခြင်းနှင့်အတူ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေး ရွာ အခြေစိုက် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း -တတက ၁၃ မှ တက်လာသော Mi 35 ရဟတ်ယာဉ်က မတ္တရာမြို့နယ် အနောက်ခြမ်းနှင့် စဉ့်ကူးမြို့နယ် အနောက် တောင်ခြိမ်းနေရာများကို နံနက် ၇ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၇ နာရီ ၃၆ မိနစ်တွင် တစ် ကြိမ်၊ နံနက် ၇ နာရီ ၅၁ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၇ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ်နှင့် ၇ နာရီ ၅၈ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၅ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“လောလောဆယ် စစ်သင်္ဘော ၂ စီး ဆန်တက်လာနေလာတယ်။ လေကြောင်းတိုက်ခိုက်သွားပေမယ့် ထိခိုက်မှုတော့ မသိရသေဘူး။” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

စစ်အုပ်စု ‌အနေဖြင့် စစ်သင်္ဘော ဆန်တက်ရာ မြစ်ကြောင်းတလျှောက် အနီးပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသောကြောင့် ဧရာ ဝတီ မြစ်ကမ်းတလျှောက်ရှိ ပြည်သူများ အနေဖြင့် သင်္ဘောသတင်း၊ လေကြောင်းသတင်းများကို နား စွင့်၍ ဘေးလွတ်ရာနေရာသို့ ကြိုတင်ရွေ့ပြောင်းနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေး တိုက်တွန်းထားသည်။

အလားတူ ကချင်ပြည်နယ် ရွှေကူမြို့သို့ ရောက်ရှိနေသော စစ်တပ်စစ်ကြောင်းအချို့မှာလည်း ဗန်းမော်မြို့ သို့ ဆက် လက် ချီတက်နိုင်ရန် လှုပ်ရှားပြင်ဆင်လျက်ရှိပြီး ရွှေကူမြို့အထွက် လေးလမ်းဆုံ၊ ပန်းတင်၊ ငါးပတ်၀ နှင့် တော်လှန်၀န်းကျင်နေရာတို့တွင်နေ့စဉ် ထိတွေ့တိုက်ပွဲများဖြစ်ပွားကြောင်း သိရသည်။

ဓာတ်ပုံ- မန္တလေးဆိပ်ကမ်းမှ ဗန်းမော်သို့ ဆန်တက်ခဲ့သည့် စစ်သင်္ဘောနှင့် စစ်ကူသင်္ဘောများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article