27.4 C
Yangon

မတ္တရာမြို့နယ်၊ ရေလယ်ကျွန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ

Must read

ရန်ကုန်၊ ဇွန် ၂၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေလယ်ကျွန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၅၂ မိနစ်ခန့်မှ စတင်ပြီး ၅ နာရီကျော်အထိ မတ္တရာမြို့နယ်အတွင်းရှိ မိုးကြိုရွာ ၊ ရေလယ်ကျွန်းရွာ နှင့် ဝက်လက်မြို့နယ်ရှိ စဉ့်ကိုင်ရွာ တို့ကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးတို့က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း မတ္တရာမြို့နယ် ရေလယ်ကျွန်းရွာမှ ပြည်သူ ၅ ဦး ဗုံးထိမှန်ခဲ့ပြီး ဒဏ်ရာရသူများထဲမှ အသက် ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦး လက်ကောက်ဝတ်ပြတ်တောက်ကာ ကျန် အမျိုးသမီး ၁ ဦးသည် လက်မောင်း အရင်းအနားမှ ပြတ်တောက်ခဲ့ခြင်းကြောင့် ဒဏ်ရာအခြေအနေများ စိုးရိမ်ရကြောင်း သိရှိရသည်။

“စစ်ခွေးတွေက လေယာဉ် ၂ စီးနဲ့ မတ္တရာမြို့နယ်နဲ့ ဝက်လက်မြို့နယ်ထဲက ရွာတွေကို ကျဲချ တိုက်ခိုက်သွားတာ မတ္တရာမြို့နယ်ထဲက ရေလယ်ကျွန်းရွာက ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရတယ်။ ၂ ဦးကတော့ ဒဏ်ရာအခြေအနေ စိုးရိမ်ရပါတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ယနေ့ နံနက်ပိုင်းကလည်း မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့ကို အကြမ်းဖက် စစ်တပ်၏ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article