26.9 C
Yangon

AA က စစ်တွေနှင့်ကျောက်ဖြူကို ထိုးစစ်ဆင်နေသည့်အပြင် မကွေး၊ ဧရာ၀တီ၊ ပဲခူးနှင့် ချင်းပြည်နယ်တို့တွင်လည်း အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေပြီး စစ်တပ်က လူလှိုင်းအသုံးပြု ထိုးစစ်ဆင်နေ

Must read

ရန်ကုန်၊ ဇွန် ၂၈

အာရက္ခတပ်တော် AA က စစ်တွေနှင့်ကျောက်ဖြူကို ထိုးစစ်ဆင်နေသည့်အပြင် မကွေး၊ ဧရာ၀တီ၊ ပဲခူးနှင့် ချင်းပြည်နယ်တို့တွင်လည်း အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

AA က ရခိုင်ပြည်နယ်၊ စစ်တွေနှင့်ကျောက်ဖြူမြို့ ပတ်ဝန်းကျင်တွင် ထိုးစစ်ဆင်နေကြောင်း၊ အလားတူ ရခိုင်နှင့်ဧရာ၀တီအစပ်၊ ရခိုင်နှင့်မကွေးအစပ်၊ ရခိုင်နှင့်ပဲခူးအစပ်၊ ရခိုင်နှင့် ထိစပ်နေသော ချင်းပြည်၏ မင်းတပ်နှင့်ကန်ပက်လက်မြို့အစပ်နေရာများနှင့် AA၏ လှုပ်ရှားနယ်မြေ နေရာအနှံ့တွင် စစ်တပ်က လှုလှိုင်းအသုံးပြု ထိုးစစ်ဆင်များ ထိုးစစ်ဆင်နေကြောင်း၊ ထို့ကြောင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။

နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ အဆိုအရ စစ်မှုထမ်းအပတ်စဉ် ၂၁ ၊ အပတ်စဥ် ၂၂ နှင့် အပတ်စဉ် ၂၃ သင်တန်းများမှ စစ်မှုထမ်းတပ်သား အများစုကို မကွေး၊ ချင်း၊ ဧရာ၀တီ၊ ပဲခူး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ် ဗန်းမော်စစ်မြေပြင်သို့ ဆက်တိုက် ပို့လွှတ်နေကြောင်း ပြောဆိုသည်။

“အပတ်စဉ် ၂၁ ၊ အပတ်စဉ် ၂၂ နဲ့ အပတ်စဉ် ၂၃ စစ်မှုထမ်းအပတ်စဉ် ၃ ခုစလုံးက စစ်မှုထမ်းတပ် သားတွေကို ဒီဇွန်လအတွင်းမှာ မကွေး၊ ချင်း၊ စစ်ကိုင်း၊ ဧရာ၀တီ၊ ပဲခူးနဲ့ ဗန်းမော်စစ်မြေပြင်ကို စေလွှတ်တာ တောက်လျှောက်ပါပဲ။ ရှေ့တန်းစစ်မြေပြင်ကို စစ်မှုထမ်းတပ်သားတွေကို အဓိက စေလွှတ်နေတာဖြစ်ပါတယ်”ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

AA ၏ ထုတ်ပြန်ချက်အရ ရခိုင်-ဧရာဝတီ အစပ် နေရာများတွင်လည်း တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေကြောင်း၊ စစ်တပ်က ၃၄၄ အမြောက်တပ်နှင့် ပုသိမ်အခြေစိုက် တပ်ရင်းများမှ ထုတ်နုတ်အင်အား ၄၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာကြောင်း၊ ထိုးစစ်မှာ ယခုတစ်ကြိမ်မဟုတ်ဘဲ ကြိမ်ဖန် များစွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

AA က စစ်တပ်၏ ထိုးစစ်တိုင်းကို အကောင်းဆုံး ခုခံစစ်များနှင့်အတူ တန်ပြန်တိုက်စစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် ဧရာဝတီတိုင်း၊ ရေကြည်မြိုနယ်ရှိ စစ်တပ်၏ ပွိင့် ၂၈၈ ကုန်း၊ ပွိုင့် ၁၈၈ ကုန်းနှင့် ပွိုင့် ၁၄၈ ကုန်းတို့ကို တစ်ခုပြီးတစ်ခု ဆက်တိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

အာရက္ခတပ်တော် (ULA/AA) က ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့သော ရခိုင်စစ်မျက်နှာ ထိုးစစ်ဆင်မှုများအတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် နှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့နယ် တို့ကို အပြည့်အဝ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့သည်။

လက်ရှိတွင် AA က သိမ်းပိုက်ရန်ကျန်ရှိနေသော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များကိုလည်း ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article