26.9 C
Yangon

ဖားကန့်မြို့နယ်၊ နမ့်မှော်ရွာတွင် မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက် ရှာဖွေသူ ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ရွာတွင် မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက် ရှာဖွေသူ ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ နမ့်မှော်ရွာ သုံးသိန်းမှော်ဘက်တွင် မြေစာပုံပြိုကျခြင်းကြောင့် ရေမဆေးကျောက်ရှာဖွေနေသူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မြေစာပုံပြိုကျပြီး သေဆုံးသူများကို ဆက်လက်ရှာဖွေနေသော်လည်း လက်ရှိအချိန်ထိ ရုပ်အလောင်း ၅ လောင်းသာ ရှာဖွေတွေ့ရှိသေးပြီး ကျန် ၂ ဦးမှာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

“သူတို့က ရေမဆေးကျောက် ရှာဖွေနေသူပါ လက်ရှိထိ အလောင်းက ၅ လောင်းပဲတွေ့သေးတယ်။ သေဆုံးတာက ၇ ဦးလို့တော့ သိရတယ်။ ၂ လောင်းကတော့ ရှာမတွေ့သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မတ်လ ၁၇ ရက်နေ့ကလည်း မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာ “စိမ်းစိမ်း” (Sein Sein) ကုမ္ပဏီမှ ဝန်ထမ်း ၅ ဦး မြေပိသေဆုံးခဲ့သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article