25.8 C
Yangon

မင်းဘူးနှင့်မုံရွာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၂

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မဲချောင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက မင်းဘူးမြို့နယ်၊ မဲချောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း မဲချောင်ရွာတွင် နေထိုင်သော အသက် ၅၆ နှစ်အရွယ် အမျိုးသား ၁ ဦး နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၆၀နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၈၀ နှစ်အရွယ် နှင့် အသက် ၅၀နှစ်အရွယ် အမျိုးသမီး ၂ ဦးတို့လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အသက်ရွယ်ကတော့ အသက် ၅၆နှစ်အရွယ် အမျိုးသား ၁ ဦး ဗုံးစ ဦးခေါင်း ကို မှန်လို့ နေရာမှာတင် သေဆုံးခဲ့ပါတယ်။ အသက် ၆၀နှစ်အရွယ် အမျိုးသား ၁ဦးနှင့် အသက် ၈၀ နှစ်အရွယ်နှင့် အသက် ၅၀နှစ်အရွယ် အမျိုးသမီး ၂ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရတဲ့ပြည်သူတွေကတော့ မဲချောင်ရွာက ပြည်သူတွေပါ။ စစ်ခွေး ပေါင် ၂၅၀ ဗုံးသီး ၂လုံးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ နေအိမ် အနည်းငယ် ပျက်စီးခဲ့တာပါ။ အစတွေ မှန်လို့ လှန် ရုံလောက်ပါ။ အိမ်ပေါ်ကို ဒဲ့ကျတာ မဟုတ်ဘူး။ အိမ်ဘေးတွေကို ကျတာပါ။ အိမ်ဘေးက လယ်ကွင်းဘက်တွေကိုကျတာပါ။ နေအိမ်အများကြီး ပျက်စီးသွားတာ အိမ်တွေပြိုသွားတာမျိုးထိ ရှိတာမျိုးမဟုတ်ဘူး အိမ်ကာထားတဲ့ ကဒ်တွေဘာတွေ နည်းနည်းပါးပါး လှန်သွားတာမျိုးပါ “ဟု မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း မှ တာဝန်ရှိသူကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အရှေ့ခြမ်းကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇူလိုင်လ ၂ ရက်နေ့တွင် မွန်းလွဲ ၂ နာရီကျာ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်တာ ဖိုက်တာ ၁ စီးက မုံရွာမြို့နယ် အရှေ့ခြမ်း တစ်နေရာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု မရှိဘဲ နေအိမ်များ ပျက်စီးခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ဗုံးကျဲသွားတာ ပြည်သူများ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ သိရတယ်။ နေအိမ်များ ပျက်စီးသွားတယ်။ စစ်ခွေးတွေက ပေါင် ၁၀၀ဗုံး ၃ လုံးဖြင့် ချသွားတာပါ “ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article