26.7 C
Yangon

ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၂၁ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၆

ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား ၁၁ ဦးနှင့် ချွန်ပူရီခရိုင်ရှိ စက်ရုံတစ်ခုတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန် မာနိုင်ငံသား ၁၀ ဦးတို့ကို ထိုင်းအာဏာပိုင်များက သီးခြားစီ ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇူလိုင် ၆ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ကန်ချနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်၊ နောင်လူးကျေးရွာအုပ်စုရှိ ကျွဲကောသီးခြံအနောက်ဘက် နယ်စပ်တောလမ်းများကို နမ့်ကစ်ပူးပေါင်းစစ်ဆေးရေးဂိတ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက ပူးပေါင်းကင်းလှည့်စစ်ဆေးခဲ့ရာ တောလမ်းမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများတွင် ကလေးငယ်များလည်း ပါဝင်ပြီး ထိုင်းနိုင်ငံအတွင်း တရားဝင်နေ ထိုင်ခွင့် အထောက်အထား၊ နိုင်ငံကူးလက်မှတ် သို့မဟုတ် အခြားတရားဝင်စာရွက်စာတမ်းများ ပြသနိုင်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများက မြန်မာနိုင်ငံမှ ထွက်ခွာလာပြီး ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှာဖွေရန် နယ်စပ်တောလမ်းများမှ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသား ၁၁ ဦးကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် အမှုဖွင့်ကာ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ဆန်ခလပူရီရဲစခန်းသို့ လွှဲပြောင်းပို့ ဆောင်ထားကြောင်း သိရသည်။

အလားတူ ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ချွန်ပူရီခရိုင်၊ သီရိရာချာမြို့နယ်၊ ဘိုဝင်းကျေးရွာ အုပ်စုရှိ အိမ်ရာဝန်းတစ်ခုအတွင်း တရားမဝင် လည်ပတ်နေသည့် စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုစက်ရုံကို ထိုင်းအလုပ်အကိုင်ရှာဖွေရေးဌာနနှင့် ပြည်တွင်းလုံခြုံရေးတာဝန်ရှိသူ များ ပူးပေါင်းဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းစက်ရုံမှာ ရေခဲသေတ္တာနှင့် အအေးခန်းသုံးပစ္စည်းအဟောင်းများကို ဖြုတ်ယူပြန်လည်အသုံးပြုသည့် စက်ရုံဖြစ်ပြီး စွန့်ပစ်ဖော့အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ထားသဖြင့် မိုးသည်းထန်စွာရွာသွန်းချိန်တွင် အိမ်ရာဝန်းအတွင်း ရေစီးနှင့်အတူ မျှောပါလာကာ ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား ၁၀ ဦးမှာ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်တစ်စုံတစ်ရာ မရှိဘဲ အလုပ်လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်ရုံပိုင်ရှင်ကိုလည်း တရားဝင်ခွင့်ပြုချက်မရှိသည့် နိုင်ငံခြားသားများအား အလုပ်ခန့်ထားမှု၊ သတ်မှတ်ရက်အတွင်း အာဏာပိုင်များထံ အသိပေးအကြောင်းကြားမှု မပြုလုပ်ခြင်းတို့ဖြင့် အမှုဖွင့်ထားပြီး နိုင်ငံခြားသားလုပ်သားများအတွက် ဥပဒေအရ ပေးသွင်းရမည့် လူမှုဖူလုံရေးကြေးများ မပေးသွင်းထားမှုအတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ထပ်မံအရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article