29 C
Yangon

ဇူလိုင်လအတွင်း အကြမ်းဖက်စစ်သား ၁၂ ဦးကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့က ရှင်းလင်းနိုင်ခဲ့

Must read

ရန်ကုန်၊ ဩဂုတ် ၄

ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦးကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါ တပ်ဖွဲ့က ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဖရူဆိုမြို့နယ် ထီခူးတောတွင် တပ်စွဲထားသည့် ခမရ ၄၂၈ တပ်ဖွဲ့ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ၄ ကြိမ် သွားရောက်ပစ်ခတ်ရာ စစ်သား ၈ ဦးသေဆုံးကြောင်း၊ ဖယ်ခုံမြို့နယ် လွယ်မကူးတောင်ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်ရာ ၁ ဦး သေဆုံးပြီး မိုးဗြဲစစ်ဆင်ရေးတွင် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့များတွင် နယ်မြေကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article