30 C
Yangon

ရန်ကုန်မြို့လယ်ခေါင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ‘၈’ လေးလုံး အရေး တော်ပုံ ထီးသပိတ် လှုပ်ရှား

Must read

ရန်ကုန်၊ဩဂုတ် ၈

ရန်ကုန်မြို့တော်တွင် ယနေ့ကျရောက်သော ၈လေးလုံးအရေးတော်ပုံ ၃၄နှစ် မြောက် အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီက လုံခြုံရေး အထပ်ထပ် ချထား သည့်ကြားမှ ရန်ကုန်မြို့​၏ အထင်ကရနေရာများဖြစ်သော ဆူးလေ လူကူး ကုန်းတံတား၊ ဗိုလ်ချုပ်ဈေး၊ အင်းလျားကန်ဘောင်နှင့် လှည်းတန်း နေရာ အနှံ့ အပြားတွင် ‘၈’ လေးလုံးရေးဆွဲထားသော ထီးများဖြင့် ရန်ကုန်လူထု သပိတ် က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။

လူထုလူတန်းစားတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန် ခဲ့ကြသော ‘၈’ လေးလုံး အရေးတော်ပုံကြီးမှသည် ယခု ၂၀၂၁ နွေဦးတော်လှန် ရေး အထိ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲဟာ မပြီးဆုံးသေးဘဲ နှစ်ပေါင်း ၇၀ ကျော်ကြာမြှင့်ခဲ့ပြီ ဖြစ်သည်။

ဖက်ဆစ်စစ်တပ်ကို အမြစ်ပါမကျန် ရှင်းလင်းဖို့ လူထု လူတန်းစားတရပ်လုံး အတူတူ ပုန်ကုန်တော်လှန်ကြရေး ရန်ကုန်လူထုသပိတ်က ပြည်သူများကို တပ်လှန့်နှိုးဆော်ထားသည်။

Photo- ရန်ကုန်လူထုသပိတ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article